Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်

ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်

International News
ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊
ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်
ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်

အမေရိကန်စံတော်ချိန်ယမန်နေ့ည(မြန်မာစံတော်ချိန်ယနေ့နံနက်ပိုင်း)တွင်ပြောကြားသည့်ထရန့်၏မိနစ် ၁၀၀ ကြာမြင့်ခဲ့သော မိန့်ခွန်းသည် ခေတ်သစ်အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး သမ္မတ၏ လွှတ်တော်မိန့်ခွန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဒုတိယအကြိမ်သမ္မတသက်တမ်းစတင်ပြီးနောက်သီတင်းခြောက်ပတ်အကြာလွှတ်တော်၌ ပထမဆုံး အကြိမ်ပြောကြားသောမိန့်ခွန်းတွင်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အောင်ပွဲခံ သည့် ပုံစံဖြင့် ပြောကြားခဲ့ရာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် ဒီမိုကရက်များက ထရန့်အား လှောင် ပြောင်ခဲ့ကြပြီး အချို့ကလည်း ၎င်း၏ မိန့်ခွန်းအတွင်းမှာပင် ခန်းမအပြင်သို့ ကန့် ကွက်ထွက်ခွာသွားခဲ့ကြသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်
ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်

ယင်းမိန့်ခွန်းအတွင်း ‌‌ဒေါ်နယ်ထရန့်က သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ပုတ်ခတ်ပြောဆို ရှုတ်ချခဲ့ကာ ‌‌ရွှေ့ပြောင်းနေထိုင်ပြစ်မှုကျူးလွန်သူများကိုလည်း အရိုင်းအစိုင်းများအဖြစ် ပြောကြားခဲ့သလို လိင်အမျိုးအစားပေါင်းစုံ လက်ခံသောဝါဒကိုလည်း တိုက်ခိုက်ပြောဆိုခဲ့သည်။

ယင်းသို့ပြိုင်ဘက်ပါတီ ခါးသီးမှုပြသခြင်းမှာအမေရိကန်နိုင်ငံခြားရေးမူဝါဒကို ဇောက် ထိုးမိုး‌ မျှော်ဖြစ်စေခဲ့ကာ အနီးကပ်မဟာမိတ်များနှင့် ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့ပြီး ဖက်ဒရယ် အစိုးရ ဝန် ထမ်း များကို လျှော့ချခဲ့သည့် ထရန့်အစိုးရလက်ထက် ပထမသီတင်းခြောက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတည်မငြိမ်ဖြစ်မှုများကို ထင်ဟပ်စေခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်
ထရန့်ပြောကြားမှုအကြာဆုံးသမ္မတလွှတ်တော်မိန့်ခွန်းအဖြစ်မှတ်တမ်းဝင်၊ဒုတိယသက်တမ်းအားအမွှမ်းတင်မှုအပေါ် ဒီမိုကရက်များ လှောင်ပြောင်

ဖက်ဒရယ်အစိုးရ ဘတ်ဂျက်အား မျှခြေညီအောင်လုပ်ဆောင်သွားမည်ဟု ကြွေးကြော်ခဲ့သော်လည်း တစ် ဖက်တွင်လည်း ပြည်တွင်းအခွန်လျှော့ချ‌ရေးအတွက် ဥပဒပြဌာန်းရန် ထရန့်ကဥပဒေပြုအမတ်များအား တိုက်တွန်းနေသည်။
ယင်းသို့ အခွန်လျှော့ချမှုများကြောင့် ဖက်ဒရယ်အစိုးရ၏ ကြွေးမြီကို ၅ ထရီလီယံ ပိုများလာစေနိုင်ကာ ကြွေးမြီ ၃၆ ထရီလီယံအထိ ‌‌ရောက်ရှိသွားစေလိမ့်မည်ဟု ပါတီစွဲမရှိသော ပညာရှင်များက ပြောကြားကြသည်။

ထို့နောက်ယူကရိန်းက မြေရှားသတ္တုသဘောတူညီချက်ကို လက်မှတ်ထိုးရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း အင်္ဂါနေ့က ၎င်းထံပေးပို့ခဲ့သော စာတစ်စောင်တွင် ယူကရိန်းသမ္မတဇီလန်စကီး က ပြောကြားခဲ့သည်ဟု ဒေါ်နယ်ထရန့် က ပြောကြားသည်။
“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က ရုရှားနဲ့လေးနက်တဲ့ဆွေးနွေးမှုတွေ လုပ် ဆောင်ခဲ့ပြီး သူတို့က ငြိမ်းချမ်းရေးအတွက်အသင့်ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အချက်ပြမှုတွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒါဟာ ဘယ်လောက်များ လှပလိုက်သလဲဗျာ။” ဟု ထရန့်က ဆိုသည်။

“ အမေရိကန်ပြန်လာပြီဆိုတာကို နိုင်ငံသားအပေါင်းကို ပြောချင်ပါတယ်။” ဟု ဒေါ်နယ်ထရန့် က ပြောကြားပြီး ရီပက်ဘလေကန်အမတ်များက မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြသည်။

ဒီမိုကရက်အမတ်များကမူ ‘ဘုရင်အလိုမရှိ’ ‘ ပုံမှန်အခြေအနေမဟုတ်’ စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားခဲ့ကြသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...