ဒေါ်နယ်ထရန့်၏သွင်းကုန်အခွန်သစ်များအပေါ် လက်တုံ့ပြန်မည်ဟု တရုတ်ကြုံးဝါး

ယနေ့ ညနေပိုင်းတွင် အသက်ဝင်လာတော့မည့် အမေရိကန်၏ သွင်းကုန်အခွန်အသစ်များအပေါ် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနကယနေ့တွင် သန္နိဌာန်ပြုလိုက်ပြီး ဖန်တနိုင်းလ်မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ ထရန့်အစိုးရက တခြားသူကိုအပြစ်တင်ကာ ပေကျင်းကို အနိုင်ကျင့်ရန်ကြိုးစားနေကြောင်း ၎င်းတို့၏ ရပ်တည်ချက်ကို ထပ်မံပြောကြားသည်။

တရုတ်အပေါ် အခွန်သစ်များထပ်မံချမှတ်မည်ဟု ဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်က ခြိမ်းခြောက်မှုသည်ယနေ့( မတ် ၄ ရက်) နှောင်းပိုင်းတွင် စတင်သက်ရောက်မည်ဖြစ်ရာ မူးယစ်ဆေးဝါးကိစ္စနှင့်ဆက်စပ်၍ ထရန့်က တရုတ်အပေါ် ချမှတ်ခဲ့သည့် အခွန် ၂၀ ရာခိုင်နှုူန်းအထိ ရှိလာခဲ့ပြီး ယင်းမှာ ယခင်က တရုတ်ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသည့် အခွန်အကောက်များ အပေါ် ထပ်တိုးလိုက်သော အခွန်များဖြစ်သည်။
ဖန်တနိုင်းလ်မူးယစ်ဆေးဝါးများ ထုတ်လုပ်သော ဓာတုပစ္စည်းများကို တရုတ် က ထောက်ပံ့ပေးနေကြောင်း အမေရိကန် က စွပ်စွဲပြောကြားပြီး တရုတ်ဘက်ကမူ အမှားမရှိကြောင်း ပြောကြားသည်။
အမေရိကန်၏ စိုက်ပျိုးရေး နှင့် စားသောက်ကုန်များအား ပစ်မှတ်ထားရန် တရုတ်က လုပ်ဆောင်နေကြောင်း နှင့် တန်ပြန်အခွန်ကောက်ခြင်းသာ မက အခြားအတိုင်းအတာများဖြင့်ပါ ပြန်လည်ထိုးနှက်ရန် ပြင်ဆင်နေကြောင်း တရုတ်အစိုးရနှင့်ဆက်နွှယ်သော The Global Times သတင်းစာ ရေးသားခဲ့သည်။
အမေရိကန် က တစ်ဖက်သတ်ချမှတ်သော အခွန်အကောက်များသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ စည်းကမ်းများအား ချိုးဖောက်နေပြီး နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ်အား ထိခိုက်သည် ဆိုခြင်းကို တရုတ်က အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ယင်းသို့ အခွန်ကောက်ခြင်းများသည် အမေရိကန်၏ ပြဿနာများကို ပြေလည်စေမည်မဟုတ်ဘဲ ယင်းအစားတရုတ်-အမေရိကန်စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပုံမှန်နိုင်ငံတကာကုန်သွယ်ရေးကို ထိခိုက်ကြောင်း ထုတ်ပြန်ချက်က ဆက်လက်ပြောပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အခြားလူများကို ထိခိုက်သော တစ်ဖက်သတ်အခွန်များကို ချက်ချင်း ပြန်ရုပ်သိမ်းရန် တရုတ်က အမေရိကန်အား တိုက်တွန်းကြောင်း ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ