Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ

ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ

International News
ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ
ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် သီခြားစီရရှိခဲ့သော သဘောတူညီချက်များတွင် ပင်လယ်နက်တွင်ရေတပ်အပစ်အခတ်ရပ်စဲမှုကို ရုရှားနှင့် ယူကရိန်းတို့က သဘောတူခဲ့ကြကြောင်း သိရသည်။

ပင်လယ်နက်ရေကြောင်း လုံခြုံ‌ရေးသဘောတူညီချက်များ မည်သည့်အချိန်၌ စတင်အသက်ဝင်လာမည်ဆိုသည်မှာ မရှင်းလင်းသေးသော်လည်း ယင်းမှာ စစ်ဖြစ်နေသော နှစ်နိုင်ငံကြား ဒေါ်နယ်ထရန့်အ မေရိကန် သမ္မတ ဖြစ် လာခဲ့ပြီးနောက်ပိုင်း ရရှိလာခဲ့သည့် ပထမဆုံး သဘောတူညီမှုကတိများဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ
ပင်လယ်နက် နှင့် စွမ်းအင်လုပ်ငန်းအပေါ်အပစ်ရပ်ရေး ရုရှား နှင့် ယူကရိန်းသဘောတူ

အမေရိကန်သမ္မတ‌‌‌ဒေါ်နယ်ထရန့်က ယူကရိန်းမှ စစ်ပွဲအား အဆုံးသတ်ရန် တွန်းအားပေးနေသော်လည်း မော်စကိုအား အလျင်အမြန်ပြန်လည်ချဉ်းကပ်ခြင်းက ကိဗ် နှင့် ဥ‌ရောပမဟာမိတ်များအား စိုးရိမ်သောက ပွားစေခဲ့သည်။
အမေရိကန်က ရုရှားနှင့် ရယူခဲ့သော သဘောတူညီချက် မှာယူကရိန်းနှင့် ရရှိခဲ့သော သဘောတူညီချက်ထက် ပိုမိုကျယ်ပြန့်ပြီး ရုရှားနိုင်ငံက ကြာရှည်စွာတောင်းဆိုထားသော ၎င်းတို့၏ စိုက်ပျိုးရေး နှင့် ဓာတ်မြေဩဇာတင်ပို့မှုများအပေါ် နိုင်ငံတကာပိတ်ပင်တားဆီးမှုများအား ကူညီဖယ်ရှားရေး ကတိကဝတ်လည်း ပါဝင်သည်။

အမေရိကန်၏ ကြေညာချက်များ ထွက်ပေါ်လာပြီး မကြာမီပင် ရုရှားဘဏ်တချို့၏ နိုင်ငံ တ ကာ ချိတ် ဆက်မှုများအား ပြန်လည်ထားရှိမှသာ ပင်လယ်နက်အပစ်ရပ်မှု စတင်အသက်ဝင်လာမှာဖြစ်ကြောင်း ကရင်မလင် က ပြောကြားသည်။
အပစ်ရပ်ရေး သဘောတူညီချက် အသက်ဝင်လာရန် တားဆီးပိတ်ပင်မှု သက်သာခွင့်များ လိုအပ်မည်မဟုတ်ဟု ၎င်းအနေဖြင့် နားလည်ထားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောကြားပြီး ကရင်မလင်၏ ထုတ်ပြန်ချက်မှာ သဘောတူညီချက်များကို ချယ်လှယ်ရန် ကြိုးစားမှုဖြစ်ကြောင်း ဆက်ပြောသည်။

ယင်းသဘောတူညီချက်များအား ကြပ်မတ်ရန် ဝါရှင်တန်ကို အားကိုးသွားမည်ဖြစ်ကြောင်း ကိဗ် နှင့် မော်စကို နှစ်ဖက်စလုံးက ပြောကြားကြချိန်မှာပင် သဘောတူညီချက်ကို အခြားတစ်ဖက်က အမှန်တကယ်လိုက်နာမည်လား ဆိုသည်ကို နှစ်ဖက်စလုံးက မယုံသင်္ကာပြောကြားကြသည်။

မိမိတို့အနေဖြင့် ရှင်းလင်းသော အာမခံချက်များ လိုအပ်ကြောင်း နှင့် အပြောတစ်မျိုး ၊ အလုပ်တစ်မျိုး မလုပ်ရန် ဇီလန်စကီးနှင့်သူ့အဖွဲ့အား ဝါရှင်တန်ကအမိန့်ပေးမှသာ ယင်းသို့ ဖြစ်ပေါ်လာနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ပြောကြားသည်။

အလားတူအကယ်၍ ရုရှားက သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပါ က ရုရှားအပေါ် တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ်ပြီး ယူကရိန်းအား လက်နက်ပိုမိုထောက်ပံ့ရေးအတွက် ‌‌‌ဒေါ်နယ်ထရန့်အား တောင်းဆိုသွားမည်ဖြစ်ကြောင်း ဇီလန်စကီးကလည်း ပြောကြားသည်။

ထိုအတောအတွင်းစစ်ပွဲအဆုံးသတ်ရေးအားရုရှားက အချိန်ဆွဲနေခြင်းဖြစ်နိုင်ကြောင်း ဒေါ်နယ်ထရန့်က Newsmaxသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားသည်။ထို့ပြင်စစ်ပွဲအဆုံးသတ်‌ရေး အမေရိကန်၏ ကြိုးပမ်းမှုတွင် တိုးတက်မှုများ ရှိနေသော်လည်း နှစ်ဖက်စလုံးတွင် အမုန်းတရားများ များပြားနေကြောင်းလည်း ထရန့်က ဆက်လက်ပြောသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...