Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်းရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်

အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်း ရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်

International News
အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်း
ရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်းရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်
အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်းရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်

သုံးနှစ်ကြာစစ်ပွဲအတွက် အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး အလား အလာ ဆက်လက်၍ မ ရေမရာဖြစ်နေချိန်တွင် ရုရှားနှင့်ယူကရိန်းတို့အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှုများဉ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြော ကြားကြသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်းရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်
အပစ်ရပ်ရေးအလားအလာ မရေမရာမှုအတွင်းရုရှားနှင့်ယူကရိန်းလေ ကြောင်းဆက်လက်တိုက်ခိုက်

ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲ‌ရေး ဝါရှင်တန်၏ အဆိုပြုချက်ကို မူအားဖြင့် ထောက်ခံကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင်ပြောကြားခဲ့ပြီး အဆိုပြုချက်မှ အရေးပါသော သတ်မှတ်ချက်များကို ကိုင်တွယ်ပြီးချိန်အထိ ၎င်းတို့တပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေမည်ဟု ဆို သည်။

ကြီးမားသောလေကြောင်းတိုက်ခိုက်မှုများကိုနှစ်ဖက်စလုံးကဆက်လက်လုပ် ဆောင်ခဲ့ကြပြီးရုရှားအနောက်ပိုင်း ကာ့ချ်ဒေသထဲတွင် လပေါင်းများစွာ ခြေကုပ်ယူထားသော ယူကရိန်းတပ်ဖွဲ့များအား ဖယ်ရှားပစ်ရန် ရုရှားတပ်ဖွဲ့များက စစ်မြေပြင်တွင် ဆက်လက်ထိုးစစ်ဆင်နေသည်။

၎င်းတို့၏ လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ရုရှားပိုင်နက်ပေါ်တွင် ယူကရိန်း ဒရုန်း ၃၁ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယူကရိန်းနှင့်ထိစပ်နေသည့် ဘဲလ်ဂိုရော့ ပြည်နယ်တွင် ယူကရိန်း ဒရုန်းများကြောင့် အသက် ခုနစ်နှစ်အရွယ် က‌လေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဂလက်ဒေါ့ဗ် က တယ်လီဂရမ် တွင် ပြော ကြားသည်။
ယူကရိန်းတွင်လည်း ရုရှားတို့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ် ရပ် အများအပြားကို အာဏာပိုင်များက သတင်းပေးပို့ခဲ့ကြသည်။

ယူကရိန်းမြောက်ပိုင်း ချာနီဟစ် ဒေသတွင် အထပ်မြင့်အ ဆောက်အအုံတစ်ခု မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များက ငြှိမ်းသတ်နေရကြောင်း ယူကရိန်းအစိုးရ အရေးပေါ်ဌာနက ပြောကြားကာမြို့တော် ကိဗ် ပတ်ဝန်းကျင်ဒေသများတွင်လည်း ပေါက် ကွဲမှုအများအပြားဖြစ်ပေါ်ခဲ့ကြောင်း ယူက ရိန်းမီဒီယာများက သတင်းဖော်ပြကြသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...