Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အသေးစားရဟတ်ယာဉ်ကွင်းပါ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အရှည်ဆုံးကား

အသေးစားရဟတ်ယာဉ်ကွင်းပါ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အရှည်ဆုံးကား

Knowledge

ခရီးသည် ၇၅ ယောက်အထိ လိုက်ပါနိုင်ပြီး မီတာ ၃၀ ကျော် ရှည်လျားတဲ့ The American Dream ကားကတော့ ကမ္ဘာ့အရှည်ဆုံးကားအဖြစ် စံချိန်တင်ထားပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကားစုဆောင်းသူ ဂျေးအော်ဘတ်က Cadillac El Dorado ကား ၆ စီးကို ဆက်ပြီး ဖန်တီးခဲ့တာပါ။ စတင်ဖန်တီးခဲ့ချိန်က ၁၈.၂၈ မီတာ (ပေ ၆၀) ရှည်လျားပြီး ကားရှေ့ပိုင်းနဲ့ နောက်ပိုင်းမှာ V8 အင်ဂျင်တစ်လုံးစီ တပ်ဆင်ထားပါတယ်။

နောက်ပိုင်းမှာတော့ ဂျေးအော်ဘတ်က ၃၀.၅ မီတာ (ပေ ၁၀၀) ရှည်လျားအောင် မွမ်းမံပြင်ဆင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာပဲ ကမ္ဘာ့အရှည်ဆုံးကားအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။ The American Dream ကားအကြောင်း မဂ္ဂဇင်းတွေ၊ ရုပ်သံတွေ၊ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နယူးဂျာစီပြည်နယ် ဂိုဒေါင်ထဲမှာ ချောင်ထိုးထားခဲ့ရတာပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အသေးစားရဟတ်ယာဉ်ကွင်းပါ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အရှည်ဆုံးကား
အသေးစားရဟတ်ယာဉ်ကွင်းပါ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အရှည်ဆုံးကား

ဒီနောက်မှာတော့ မိုက်ကယ်ဒီဇာနဲ့ မိုက်ကယ်မန်းနင်းဆိုတဲ့ ကားဝါသနာရှင်နှစ်ဦးက အွန်လိုင်းပေါ်ကနေ ဒီကားကို တွေ့ခဲ့ပြီး ဝယ်ယူကာ ပြင်ဆင်မွမ်းမံခဲ့ကြပါတယ်။ The American Dream ကားကို ဘီးအသစ် ၂၆ လုံး လဲလှယ်တပ်ဆင်ကာ ဆေးအဖြူသုတ်ပြီး ပိုမိုရှည်လျားအောင် မွမ်းမံခဲ့တာပါ။

နှစ်နဲ့ချီ အချိန်ယူပြင်ဆင်ပြီး နောက်မှာတော့ The American Dream ကားရဲ့ ထူးခြားချက်တွေက တစ်ကျော့ပြန် ရေပန်းစားလာခဲ့ပါတယ်။ The American Dream ကားဟာ အသေးစားရဟတ်ယာဉ် ရပ်နားနိုင်တဲ့ ကွင်းငယ်တစ်ကွင်း၊ ဂေါ့ဖ်ကစားနိုင်တဲ့ နေရာနဲ့ ဒိုင်ဗင်စင်ပါတဲ့ ရေကူးကန်တွေပါ တင်ဆောင်နိုင်ပါတယ်။

ဒါပေမဲ့ ရှည်လျားလွန်းတာကြောင့် လမ်းဖြောင့်ပေါ်မှာပဲ မောင်းနှင်နိုင်စွမ်းရှိပြီး ကွေ့ဝိုက်လို့မရနိုင်တာကတော့ ဒီကားရဲ့ အားနည်းချက် ဖြစ်နေပါတယ်။

ရေးသားသူ-Yoyarlay

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...