၁၂ တန်းပညာရေး တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၁၇ရက်နေ့ကစလို့ ကျင်းပနေ

စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဒီကနေ့ မတ်လ ၁၇ရက်နေ့ကစလို့ ကျင်းပနေပြီး စာမေးပွဲ ပထမနေ့၊ မြန်မာဘာသာရပ်ကို ရန်ကုန်မြို့က အထက်တန်းကျောင်းကြီးတွေမှာ ပြုလုပ်ခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

အခုစာမေးပွဲကို မတ်လ ၁၇ရက်ကနေ ၂၂ ရက်အထိ ဆက်တိုက်ကျင်းပမှာဖြစ်သလို ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂ သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနှစ်ကျင်းပတဲ့ စာမေးပွဲဟာ KG+12 ပညာရေးစနစ်အောက်က Grade 12 ရဲ့ ဒုတိယ အကြိမ်မြောက် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရဆိုရင် အရင်နှစ်ကထက် ဖြေဆိုသူဦးရေ တိုးလာတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့နှစ်ကတော့ လုံခြုံရေးကြောင့် မတ်လစာမေးပွဲတွေမှာ မဖြေဆိုနိုင်ခဲ့တဲ့ကျောင်းသားတွေ အတွက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဧပြီလနဲ့ မေလတွေမှာ စာမေးပွဲတွေကို ထပ်မံကျင်းပပေးခဲ့ပါတယ်။
ရေးသားသူ- BBC Burmese
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ