ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းတွင် ချောက်နှင့်မကွေးမြို့ပါ၀င်

ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းတွင် မကွေးတိုင်းမှချောက်မြို့နှင့် မကွေးမြို့တို့ပါ၀င်ကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များဖော်ပြသည့် El Dorado Weather က ထုတ်ပြန်သည်။
မကွေးတိုင်းရှိချောက်မြို့မှာ ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၂) နေရာတွင်ရောက်ရှိနေပြီး မကွေးမြို့မှာ ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် နံပါတ်(၁၃) နေရာတွင်ရောက်ရှိနေကြောင်း El Dorado Weather ၏ ယနေ့(မတ် ၁၇ ရက်) မွန်းလွဲ ၂ နာရီအထိ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါချောက်မြို့မှာ ယမန်နှစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင်လည်း ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၁) နေရာတွင်ရောက်ရှိခဲ့သည်။

နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သွားသည့်အခါ ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူကဲ့သို့အရောင်နုသော အဝတ်အထည်၊ ချည်ထည်များကိုသာ ဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ(သို့) ဓာတ်ဆားရည်ကို သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ