ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း ဒုတိယနေရာ၌ ချောက်မြို့ သုံးရက်ဆက်တိုက်ရှိနေ

နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကို နေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ထုတ်ပြန်ချက်အရ မကွေးတိုင်းရှိ ချောက်မြို့ မှာ ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်း ဒုတိယနေရာ၌ သုံးရက်ဆက်တိုက်ရှိနေကြောင်းသိရသည်။
ချောက်မြို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၂) နေရာသို့ ယနေ့ (မတ် ၁၉ ရက်) တွင် ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်၊ ယမန်နေ့ (မတ် ၁၈ ရက်)တွင်လည်းအပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်၊မတ် ၁၇ ရက်တွင် ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်တို့ဖြင့် ရောက်ရှိခဲ့ကြောင်း El Dorado Weather မှ ထုတ်ပြန်ထားသည်။

ယမန်နှစ် ၂၀၂၄ ခုနှစ်၊ဧပြီ ၂၃ ရက်တွင် ချောက်မြို့သည် အပူချိန် ၄၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် ၊ ဧပြီ ၂၈ ရက်တွင် အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် နှင့် ဧပြီ ၂၉ ရက်တွင် အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်တို့ဖြင့် ကမ္ဘာ့အပူချိန် အမြင့်ဆုံး နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သေးကြောင်း နိုင်ငံတကာမိုးလေဝသ သတင်းအချက်အလက်များကို နေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ မှတ်တမ်းများအရ သိရသည်။
ထို့ပြင် မိုးလေ၀သ နှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်အရ ယမန်နှစ်၊ဧပြီ ၆ ရက်တွင် မကွေးတိုင်းအတွင်းရှိ ချောက်မြို့၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်မှာ ၄၇ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ် ၊ ၁၁၇ ဒသမ ၃ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ကြောင်း သိရသည်။
နေ့အပူချိန်များမြင့်တက်လာသောကြောင့် နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင် အောက်တွင်သွားလာခြင်း၊ အလုပ်လုပ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေ အပြင်သွားသည့်အခါ ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန် စသည့်အကာအကွယ်များတပ်ဆင်ခြင်းနှင့် လေဝင်လေထွက်ကောင်းပြီး အဖြူကဲ့သို့အရောင်နုသော အဝတ်အထည်၊ ချည်ထည်များကိုသာ ဝတ်ဆင်သင့်ကြောင်း၊ အရက်သေစာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ဖို့လိုအပ်ပြီး ရေ(သို့) ဓာတ်ဆားရည်ကို သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ