Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

Local News
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော
ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ကြရတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဝနဲ့ မိုင်းလားအဖွဲ့တို့က အကူအ ညီပေးသွားမယ်လို့ မတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

“ဝ”အဖွဲ့ UWSA အနေနဲ့ ငလျင်‌ဘေးသင့်ဒေသတွေအတွက် ကျပ်သန်းပေါင်း ၂၀၀၀ လှူဒါန်းသွားမှာဖြစ်ပြီး ကယ်ဆယ်ဖို့ သက်ဆိုင်ရာဌာနတွေက တောင်းဆိုလာရင်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ဖို့ အသင့်ဖွဲ့စည်းပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

အခုလို ပြင်းထန်တဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ကာလမှာ သဘောထားအမြင်ကွဲလွဲနေကြတဲ့ အဘက်ဘက်ကအဖွဲ့တွေအနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို ဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓာတ်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားတာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

ဒါ့အပြင် စစ်ပွဲဒဏ်သာမက သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ပြည်သူတွေကို အချိန်မီကယ် ဆယ်နိုင်ဖို့ အဟန့်အတားမရှိတဲ့ ကူညီပံ့ပိုးမှုနဲ့ သဘာဝ‌ဘေးအန္တရာယ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ “ဝ”အနေနဲ့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

မိုင်းလားအဖွဲ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အစိုးရနဲ့ ဒေသတွင်းရှိ တိုင်းရင်း သား လူမျိုးစုပြည်သူအသီးသီးက သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ပြောပါတယ်။

အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ မိမိတို့ တတ်စွမ်းသမျှ အုတ်တချပ်သဲတပွင့် ပါဝင်ကူ ညီနိုင်ရေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ ထောက်ပံ့‌ရေးပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေဆီ အ‌ရောက်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်
ငလျင်သင့်ပြည်သူတွေကို ဝနဲ့ မိုင်းလားက ငွေအားရော ထောက်ပံ့ပစ္စည်းတွေပါ ကူညီမယ်

ငလျင်ဘေးအန္တရာယ်နဲ့ သက်ဆိုင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်လို့ ပြည်သူ့အကျိုးအတွက် တတ်စွမ်းသမျှ သယ်ပိုးကူညီသွားကြမယ်လို့ မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချစ်ခြင်းမေတ္တာနဲ့အတူ ပြည်သူအချင်းချင်း လူသားချင်းစာနာမှုနဲ့အညီ စည်းလုံးစွာ ရိုင်းပင်းကူညီကြရင် အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားပြီး မိသားစုဥယျာဉ်တော်တွေကို ပြန်လည်တည် ဆောက်နိုင်ကြလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မတ် ၂၉ ရက်နေ့ မွန်းလွဲပိုင်းအထိ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၁၀၀၀ ကျော် သေဆုံးပြီး ၂၃၇၀ ကျော်ဟာ ထိခိုက်ဒဏ် ရာရရှိကာ ပျောက်ဆုံးသူ ဆယ်ချီရှိတယ်လို့ သိရပါတယ်။

ရေးသားသူ- Than Lwin Times


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...