Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိမြေငလျင်လှုပ်ခတ်

Local News
ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိမြေငလျင်လှုပ်ခတ်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ရှိပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်မှု ယနေ့(မတ် ၁၈ ရက်)မွန်းလွဲ ၂ နာရီ၊ ၁၉ မိနစ်၊ ၇ စက္ကန့်တွင်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကထုတ်ပြန်သည်။

ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၇ မိုင်ခန့်ကွာဝေးသော ပင်လည်ဘူးမြို့၏အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၁ ဒီဂရီ၊ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
ယမန်နေ့(မတ် ၁၇ ရက်) ည ၉ နာရီ၊ ၂၈ မိနစ်၊ ၃၉စက္ကန့်တွင်လည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၌ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
ပင်လယ်ဘူးမြို့အားဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မြန်မာနိုင်ငံအတွင်းသိသာထင်ရှားစွာလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၆၀ အတွင်း ပြန်လည်လှုပ်ခတ်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် ၁၉၃၀ ခုနှစ်တွင်လှုပ်ရှားခဲ့သည့် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိပဲခူးငလျင်နှင့် ၁၇၆၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လှုပ်ခတ်ခဲ့သည့် ငလျင်တို့သည် တစ်ကျော့ပြန်လှုပ်ခတ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်ဖြေဆိုထားသည်။

မြန်မာနိုင်ငံ၌ ယခုမတ်လ ၁ ရက် မှ ၁၈ ရက် အတွင်းငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၃ ကြိမ်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

ရေးသားသူ-The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...