ပျော်ဘွယ်ရှိနေအိမ်ပြိုကျမှုများမှ ၃၃ ဦးအားအသက်ရှင်လျက်ကယ်ထုတ်နိုင်

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ ကမ္ဘောဇဘဏ်အဆောက်အဦနှင့် မြင်းဘက်ရပ်ကွက်ရှိနေအိမ်များ ပြိုကျပျက်စီးမှုတွင် ၃၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်းတစ်လောင်းတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့(မတ် ၃၀ ရက်) တွင် ထုတ်ပြန် သည်။
“ကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။ မနားပါဘူး ဒေသခံလူမှုအဖွဲ့စည်တွေလည်း လာရောက်ပူးပေါင်းမှုတွေလုပ်ပေးနေပါတယ်” ဟု ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုမတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်ကြောင့် ပျော်ဘွယ်မြို့ရှိနေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အင်အား ၇ ဒသမ ၇ အဆင့်ရှိငလျင်ကြောင့် လက်ရှိတွင်မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦး ရှိကြောင်း နစက က ယမန်နေ့(မတ် ၂၉ ရက်) ည ၈ နာရီသတင်းတွင်ထုတ်ပြန်ထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ