ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးခု၌ မီးလောင်မှုဖြစ်

ယနေ့(မတ် ၂၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးခု၌ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဗိုလ်ချိုလမ်းရှိနေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၇ မိနစ်တွင်မီးငြိမ်းခဲ့သည်။
နံနက် ၁၁ နာရီ ၆ မိနစ်တွင်လည်း ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ အားကစားရုံလမ်းရှိနေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့သည်။

နံနက် ၁၁ နာရီ ၂၄ မိနစ်တွင် လမ်းမတော်မြို့နယ်၊ (၅)ရပ်ကွက်၊ ဘုန်းကြီးလမ်း (အလယ်ဘလောက်) တွင်လည်း နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
အဆိုပါမီးလောင်မှုများဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့်နေပြည်တော်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေအိမ်မီးလောင်မှု၊ တောမီးလောင်မှုနှင့် အမှိုက်ပုံမီးလောင်မှု စုစုပေါင်း(၁၂၆) ကြိမ်ဖြစ်ပွားခဲ့ပြီး တောမီးလောင်မှုမှာအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ