အင်းလေးရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်

စတုတ္ထအကြိမ်မြောက် အင်းလေးရေပေါ်သင်္ကြန်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအနီးက ရေလယ်ခန်းမရဲ့ အင်းလေးကန်ရေပြင်ပေါ်မှာ လာမယ့် ဧပြီလ ၁၃ရက်မှ၁၇ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ ရေပေါ်သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံကနေ သိရပါတယ်။
သင်္ကြန်အကြိုရက်၊ သင်္ကြန်အကျရက်၊ သင်္ကြန်အကြပ်ရက်နဲ့သင်္ကြန်အတက်ရက်တို့မှာ ၄ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး အခုနှစ်မှာ ရောင်စုံအလှဓာတ်ပုံပြိုင်ပွဲတွေ ထပ်မံထည့်သွင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ရေပေါ်သင်္ကြန်လုပ်ဖို့က ၁၀၀ရာခိုင်နှုန်းသေချာသွားပါပြီ။ အသေးစိတ်အစီအစဉ်တွေကိုတော့ ချပြလို့မရသေးဘူး။ စည်တာတော့ တော်တော်လေးကို စည်မှာပါ”လို့ ရေပေါ်သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဝင်တယောက်က VOMကို ပြောပါတယ်။
အင်းလေးရေပေါ်သင်္ကြန်ပွဲတော်အတွင်း အင်းလေးကန်ရေပြင်ပေါ်မှာ လှေသမ္ဗန်တွေ၊ ဖောင်တွေနဲ့ အတာရေစင် ပက်ဖြန်းမယ့် အစီအစဥ်တွေ၊ နိုင်ငံကျော်တေးသံရှင်တွေ၊ ဒေသခံတေးသံရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဥ်တွေ၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ယိမ်းအကအလှတွေနဲ့ တိုင်းရင်းသားရိုးရာ အကအလှအစီအစဉ်တွေအပြင် အင်းလေးဒေသမှာ သီတင်းသုံးနေထိုင်တော်မူတဲ့ သံဃာအပါး ၁၀ဝ၀ ကြွရောက်ချီးမြှင့်အလှူခံမယ့် နှစ်ဉီးရေပေါ်ဆွမ်းလောင်းပွဲနဲ့ နှစ်ဉီးရေပေါ် ဓမ္မသဘင်အစီအစဉ်တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

အင်းလေးဒေသဟာ မူလကတည်းက နိုင်ငံခြားခရီးသွားများရဲ့လည်ပတ်စရာနေရာတစ်ခုဖြစ်တဲ့အတွက် အင်းလေးဒေသမှာ ကျင်းပပြုလုပ်တဲ့ ရေပေါ်သင်္ကြန်ပွဲဟာလည်း ထင်ရှားပွဲတော်တစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်ပြောဆိုထားပါတယ်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ၂၀၁၉ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ၃နှစ်ကြာ ရပ်နားခဲ့ပြီး ၂၀၂၃ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ-Voice of Myanmar
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ