Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း

၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း

Local News

မြန်မာနိုင်ငံ၏ မိုးရာသီကာလများ
မိုးကြို – ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက်
မိုးဦး – မေ ၁၆ ရက် မှ ဇွန် ၃၀ ရက်
မိုးလယ် – ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်
မိုးနှောင်း – စက်တင်ဘာ ၁ ရက် မှ အောက်တိုဘာ ၁၀ ရက်
မိုးလွန် – အောက်တိုဘာ ၁၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း
၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း

ဒေသအလိုက်ကြိုတင်ခန့်မှန်းချက်များအရ မိုးကြိုကာလအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်းတွေ့ရပြီး၊ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်(မိုးကောင်းနိုင်)ကြောင်းတွေ့ရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း
၂၀၂၅ ခုနှစ် မိုးကြို/မိုးဦးနှင့် မိုးလယ် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းခြင်း

မိုးဦးကာလအတွင်းကျရောက်သည့် မေလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်မည့်ဒေသများအနက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီမှ ၄၀ မီလီမီတာအထိ(၁ လက်မ နီးပါးမှ ၁ လက်မခွဲကျော်အထိ)မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည်။
မိုးဦးကာလအတွင်းကျရောက်သည့် ဇွန်လအတွင်းနှင့် မိုးလယ်ကာလ ဇူလိုင်/ဩဂုတ်လများအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ရွာသွန်းမြဲအထက်၂၀ မီလီမီတာ(၁ လက်မနီးပါးခန့်အထိ) မိုးပိုမိုရွာသွန်းနိုင်ဘွယ်ရှိပြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင် တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲအောက် ၂၀ မီလီမီတာခန့်အထိ(၁ လက်မနီးပါးခန့်အထိ)မိုးလျော့နည်းရွာသွန်းနိုင်ကာ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အတိုင်းသာ မိုးရွာနိုင်မည့် အခြေအနေရှိနေကြောင်း တွေ့ရသည်။

အချုပ်အားဖြင့် –
မိုးကြိုကာလဖြစ်သည့် ဧပြီလ ၁၅ ရက် မှ မေလ ၁၅ ရက်အတွင်းတွင်လည်းကောင်း၊ မိုးဦးကာလအတွင်း ပါဝင်သည့် မေလ ၁၆ မှ မေလ လကုန်ပိုင်းအထိလည်းကောင်း များသောအားဖြင့် မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးရွာသွန်းနိုင်မည့်အခြေအနေသည် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ဘွယ်ရှိကြောင်း၊ မိုးကြိုနှင့် မိုးဦးကာလအတွင်း မိုးကောင်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

ရေးသားသူ-Win Naing

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...