ရုပ်နာမ်သင်္ခါရာ ၊ သဲကွဲစွာ ၊ သိတာဝိပဿနာ

** ရုပ်နာမ် သင်္ခါရဆိုသည်မှာ တစ်ပါးတည်းမဟုတ် ၊
ဓာတ်ကြိးလေးပါး ၊ ဥပါဒါန်ရုပ် ၂၄ ပါး အားဖြင့်လည်း
မြောက်မြားစွာ ရှိသည် ။ စိတ်( ၈၉ )ပါး ၊ စေတသိတ်
( ၅၂ ) ပါး အားဖြင့် နာမ်သင်္ခါရတွေလည်း မြောက်မြား
စွာရှိရာ ထိုရုပ်နာမ် သင်္ခါရအားလုံးတို့ကို အကုန်အစင်
သဲသဲကွဲကွဲ သိမြင်မှ ဝိပဿနာ ဖြစ်မှာလား ..? ။
” သုံးပုံ နှစ်ပုံလောက်သိမှ ဝိပဿနာ ဖြစ်သလား …? ။
သို့မဟုတ် သုံးပုံတစ်ပုံ သိမှ ဝိပဿနာ ခေါ်သလား ..? ။
ဓာတ်ကြိးလေးပါးအကုန်လုံးကို သဲကွဲစွာ သိမြင်မှ ဝိပ
ဿနာ ခေါ်ဆိုသလား ..? ။ တစ်ပါးတည်းကို သဲကွဲစွာ
သိမြင်လျှင် ဝိပဿနာ ခေါ်ဆိုမရနိုင်ဘူးလား ..? ။ စ
သည် အမေးများ ရှိကြသည်ကို တွေ့ရသည် ။
” ထိုအမေးများကို ဥပရိပဏ္ဏာသဋိကာ နှာ- ၂၇၅/၆
တို့၌ အရှင်အာစရိယ ဓမ္မပါလ မထေရ် ပြဆိုထားချက်
နှင့် သာရတ္ထဒီပနီဋိကာ တတိယအုပ် နှာ-၂၃၀ ၌ အရှင်
သာရိပုတ္တရာမထေရ် ပြဆိုထားချက်၌ ..

ဝိပဿနာ ရှုပွားကြသော ပုဂ္ဂိုလ် ( ၆ ) မျိုးရှိရာ
၁ ။ စျာန်အဘိဥာဥ် မရသော သုက္ခဝိပဿက ပကတိ
သာဝက ပုဂ္ဂိုလ် ။
၂ ။ စျာန်အဘိဥာဥ်ရသော ပကတိသာဝကပုဂ္ဂိုလ် ။
၃ ။ မဟာသာဝကပုဂ္ဂိုလ် ။
၄ ။ အဂ္ဂ သာဝကပုဂ္ဂိုလ် ။
၅ ။ ပစ္စေက ဗုဒ္ဓာ ။
၆ ။ သမ္မာသမ္ဗုဒ္ဓ ဟူ၍ ( ၆ ) မျိုးဖော်ပြရာ ၊ ထိုတွင်
အဂ္ဂသာဝက၌ ပထမအဂ္ဂသာဝက ၊ ဒုတိယအဂ္ဂသာဝ
ကဟူ၍ နှစ်မျိုးရှိပြန်၍ ပုဂ္ဂိုလ် ( ၇ ) မျိုး ယူပါ ။
#စျာ်အဘိညာဥ်မရသော ပကတိသာဝက
သုက္ခဝိပဿက ပကတိသာဝကပုဂ္ဂိုလ်သည် စျာန်အဘိ
ဥာဥ် မရသည်ဖြစ်၍ ဥာဏ်ပညာ အားနည်းရကား အလို
ရှိတိုင်း အလိုရှိတိုင်းသော ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့
ကို ဝိပဿနာ ရှုပွားနိုင်ခြင်း မရှိခြေ ။ မိမိ မူတည် ရှုပွား
နေသော ရုပ်နာမ်ဓမ္မ တစ်ခုခု၌သာလျှင် ရပ်တည်၍ နိုင်
နင်းစွာ ဝိပဿနာ ရှုပွားနိုင်ပါသည် ။
#စျာန်အဘိညာဥ်ရ ပကတိသာဝက
စျာန်အဘိညာဥ်ရသော ပကတိသာဝကပုဂ္ဂိုလ်သည်မူ
မိမိမူတည်ရှုပွားနေသော ရုပ်နာမ်ဓမ္မသင်္ခါရ တရားကို
လည်း ဝိပဿနာရှုနိုင်၏ ။ ထိုထက် အကျယ်ချဲ့လျှက်
တစ်ပါးသော ရုပ်နာမ်ဓမ္မ သင်္ခါရများကိုလည်း ဝိပဿ
နာရှုပွားခြင်းငှာ စွမ်းနိုင်ကြ၏ ။ စျာန်အဘိညာဥ်ရထား
သည်ဖြစ်၍ ဥာဏ်ပညာ အင်အားကောင်းသောကြောင့်
တည်း ။
#မဟာသာဝက
မဟာသာဝကပုဂ္ဂိုလ်တို့သည် ကမ္ဘာတစ်သိန်းတိတိ ပါရ
မီဖြည့်ကျင့် ဆုတောင်းမှုကြောင့် စျာန်အဘိညာဏ်ရ
သော ပကတိသာဝကထက် ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို
အကျယ်ချဲ့လျှက် ဝိပဿနာရှုပွားနိုင်ကြပါသည်
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ