အစောင့်အရှောက်ကောင်းရလိုသော်

အဝတ်အစားသန့်ရှင်းပါ။
ချွေးစော်တွေမနံစေပါနဲ့။ခြေသည်းလက်သည်း စသည်အမြဲညှပ်ပါ။မနက်ညကျင့်ဝတ်ထားပြီးကျင့်ပါ။
မနက်အိပ်ယာထမျက်နှာသစ်ပြီးဘုရားခန်းသွား၍
သရဏဂုံဆောက်တည်သီလခံယူပါ။
ဘုရားခန်းသန့်ရှင်းသပ်ရပ်ပါစေ။ရေချမ်းပန်းပူဇော်ထားပါ။
ပြီးလျှင်အိမ်စောင့်နတ်ခြံစောင့်နတ်မြို့စောင့်ရွာစောင့်ရုက္ခစိုးဘုမ္မစိုးအာကာသစိုး တောစောင့်နတ် တောင်စောင့်နတ်ကွင်းပိုင်နယ်ပိုင်နတ်များ စေတီ ပုထိုးအမျိုးမျိုး၌စောင့်ကြပ်ကြသောသမ္မာဒေဝနတ်ကောင်းနတ်မြတ်,မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာတို့၌စောင့်ရှောက်ကြသောသမ္မာဒေနတ်ကောင်းနတ်မြတ်များ,ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ,သိုက်ချုပ်သိုက်စောင့် သိုက်ဆက်သိုက်နန်းရှင်များကို မိမိနှင့်အတူတကွတရားအားထုတ်ဖို့ဖိတ်ကြပါ။
နိုင်သလောက်ဝိပဿနာတရားရှုမှတ်ပါ။

ပြီးလျှင်မိမိပင့်ဖိတ်ထားသော ထိုထိုပုဂ္ဂိုလ်များကိုအမျှဝေပါ။
သူတို့ပေးဝေသောအမျှကိုလည်းကိုယ်ကသာဓုခေါ်ပါ။
မိမိကိုကူညီစောင့်ရှောက်ဖို့အကူအညီတောင်းခံပါ။
ဝိပဿနာမရှုတတ်ရင်သရဏဂုံနှင့်သီလကိုစောင့်ပါ။
နှုတ်ထွက်မကြမ်းပါနဲ့ဆဲရေး တိုင်းထွာစကားမပြောပါနဲ့။
အထူးသဖြင့်ဘုရာစင်ရှေ့မှာ ဒူးထောင်ပေါင်ကားဗရမ်းဗတာမနေထိုင်ပါနဲ့။ဆဲရေးတိုင်းထွာမပြုမိပါစေနဲ့။ ဘုရားဂုဏ်တော်တွေပရိတ်ပဌာန်းတွေရွတ်ဖတ်ပါ။မေတ္တာပို့ပါ။မေတ္တာပို့တယ်ဆိုတာထိုထိုပုဂ္ဂိုလ်များနှင့်မိတ်ဆွေဖွဲ့တာဖြစ်တယ်။
သူတပါးကိုမနာလိုစိတ်နဲ့ မကောင်း မကြံမိပါစေနဲ့ ။နေ့စဉ်ညစဉ်အကျင့်စရဏလုပ်ပါ။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ