ဒဏ်ရာပြဿနာများကို ဖြေရှင်းရန် မန်ချက်စတာတက္ကသိုလ်ထံမန်ယူအကူအညီတောင်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာ
မန်ယူသည် ၎င်းတို့၏ ဒဏ်ရာပြဿနာများကို ဖြေရှင်းရန် ဒေသတွင်းတက္ကသိုလ်ထံ ချဉ်းကပ်အကူအညီတောင်းခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
မန်ယူသည် လက်ရှိရာသီတွင် ဒဏ်ရာပြဿနာများစွာနှင့်ကြုံတွေ့နေရပြီး မာတီး နက်ဇ်နှင့် အာမက်တို့မှာ ရာသီကုန်ချိန်အထိ အနားယူနေရသလို မေဆန်မောင့်၊ မိုင်နိုး၊ လုခ်ရှောလ်နှင့် တိုဘီကော်ယာတို့မှာလည်း ပွဲထွက်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။

ထို့ကြောင့် မန်ယူသည် မန်ချက်စတာတက္ကသိုလ်ထံ ချဉ်းကပ်၍ အဆိုပါပြဿနာ ကိုဖြေရှင်းရန် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း မန်ချက်စတာညနေခင်းသတင်းများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် မန်ယူသည် အဆိုပါတက္ကသိုလ်မှ ဒဏ်ရာအခြေအနေကို ကြိုတင်၍ခန့်မှန်းနိုင်သည့် တွက်ချက်အဖြေထုတ်နိုင်သူ ကျောင်းသားများကို ရှာဖွေနေခြင်းဖြစ်ကြောင်း ထိုသတင်းအရင်းအမြစ်အရ သိရသည်။

ထို့ပြင် မန်ယူ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကလည်း မကြာသေးမီကပင် ၎င်းတို့အနေဖြင့် ဒဏ်ရာပြဿနာဒေတာခွဲခြမ်း စိတ်ဖြာရှာဖွေနည်းကို အသုံးပြုသွားရန် စီစဉ်လုပ်ဆောင်နေကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယခုအခါ ထိုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ