Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ

ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ

International News Sports
ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍
လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ
ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ

လီဗာပူးဂိုးသမား အယ်လီဆန်သည် ဘရာဇီးအတွက် ပါဝင်ကစားစဉ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ မန်နေဂျာအာနီစလော့ပ်အတွက် ထိုးနှက်ချက်ကြီးမားသွားခဲ့ရသည်။
အယ်လီဆန်သည် ကိုလံဘီယာနှင့် ရင်ဆိုင်ကစားခဲ့ရသည့် ပြီးခဲ့သောကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြိုင်ဘက်ဗဟိုခံစစ်ကစားသမား ဒါဗင်ဆန်းချက်ဇ်နှင့် ပြင်းထန်စွာတိုက်မိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသွားခဲ့ကာ ပွဲချိန် ၇၈ မိနစ်တွင် လူစားလဲခံခဲ့ရခြင်းဖြစ်သည်။

အယ်လီဆန်သည် အဆိုပါဖြစ်စဉ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းဖြစ်သလို ပြိုင်ဘက်ကစားသမား ဒါဗင်ဆန်းချက်ဇ်မှာလည်း သတိလစ်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်းအယ်လီဆန်နှင့် ဒါဗင်ဆန်းချက်ဇ်တို့မှာ ကွင်းအတွင်း မိနစ်အနည်းငယ်မျှ ဆေးကုသမှုခံယူခဲ့ကြရကာနောက်ဆုံးတွင် နှစ်ဦးစလုံးပွဲကိုဆက်ကစားနိုင်ခြင်း မရှိတော့သည့်အတွက် လူစားလဲခံခဲ့ကြရကာ ကွင်းအတွင်းမှထွက်ခွာခဲ့ကြရခြင်းဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ
ဘရာဇီးအတွက် ပါဝင်ကစားစဉ် အယ်လီဆန် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ လီဗာပူးအတွက်ထိုးနှက်ချက်ဖြစ်လာ

လက်ရှိအချိန်တွင်မူ ဘရာဇီးနှင့်ကိုလံဘီယာတို့အနေဖြင့် ထိုကစားသမားနှစ်ဦးစလုံး၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိ၍ သက်ဆိုင်ရာကလပ်များအတွက် စိတ်ပျက်ဖွယ်ဖြစ်လာရခြင်းဖြစ်သည်။

အထူးသဖြင့် အယ်လီဆန်ဒဏ်ရာရရှိသွားခြင်းမှာ လက်ရှိအချိန်တွင် အလက်ဇန္ဒားအာနိုး၊ ဂျိုးဂိုမက်ဇ်တို့ပါဒဏ်ရာကြောင့် ဆုံးရှုံးထားရသည့် လီဗာပူးအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်လာခဲ့ရကာ အာနီစလော့ပ်အတွက်လည်း ရွေးချယ်ခွင့်ပိုမိုနည်းပါးသွားခဲ့ရပြီဖြစ်သည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...