လာမည့်နွေတွင် ပထမအသင်းမှ ၁ဝ ဦးအထိ
ရောင်းထုတ်သွားရန် မန်ယူ ဆုံးဖြတ်ထား

မန်ယူသည် လာမည့်နွေရာသီတွင် လက်ရှိအသင်းမှ ကစားသမား ၁ဝ ဦးအထိ ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
မန်ယူ၏ ပိုင်ရှင်သစ်များဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သောအဖွဲ့နှင့် မန်နေဂျာသစ် ရူဘင်အာမိုရင်တို့သည် ယခုရာသီစိတ်ပျက်ဖွယ်ရာအခြေအနေများအရ လာမည့်နွေရာသီတွင် အသင်းကို ပြန်လည်တည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားခြင်းနှင့်အတူ ရှိရင်းစွဲပထမအသင်း ကစားသမားများအနက်မှ ၁ဝ ဦးအထိ ရောင်းထုတ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း များက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းအရင်းအမြစ်များ၏အဆိုအရ မန်ယူသည် လာမည့်နွေရာသီတွင် ကစားသမားသစ်များကိုခေါ်ယူနိုင်ရေး ရန်ပုံငွေရှာဖွေမည့်အစီအစဉ်အဖြစ် လက်ရှိအငှားချထားသည့် ကစားသမားများဖြစ်သော ဗီလာမှ ရက်ရှ်ဖို့ဒ်၊ ချယ်လ်ဆီးမှဂျော်ဒန်ဆန်ချိုနှင့် ဘက်တစ်မှအန်တိုနီတို့ကို ဦးစားပေးအနေဖြင့် ရောင်းထုတ်သွားမည်ဖြစ်ကာ ထိုသုံးဦးအပြင် ဝါရင့်ကွင်းလယ်ကစားသမားများဖြစ်ကြသည့် ခရစ္စတီယန်အဲရစ်ဆင် နှင့် ကာစီမီယို၊ ဗဟိုခံစစ်ကစားသမားများဖြစ်သည့် ဂျွန်နီအီဗန့်စ်၊ ဗစ်တာလင်ဒီလော့ဖ်၊ ဂိုးသမားတွန်ဟီတန်တို့ကိုပါ အရောင်းစာရင်းတွင် ထည့်သွင်းထားကြောင်းသိရသည်။
ထို့ပြင် အခြားခံစစ်ကစားသမားများဖြစ်သည့် လုခ်ရှောလ်နှင့် တိုင်ရယ်မာလာစီယာတို့ကိုလည်း စိတ်ဝင်စားသည့်အသင်းများ ရှိလာပါက ရောင်းချသွားရန်ရည်ရွယ်ထားကြောင်း ထိုသတင်းအရင်းအမြစ်များက ထပ်မံဖော်ပြခဲ့သည်။
အထူးသဖြင့် မန်နေဂျာရူဘင်အာမိုရင်သည် ယခုလအစောပိုင်းက တည်းက မန်ယူ၏လက်ရှိကစားသမားအချို့သည် အိုးလ်ထရက်ဖို့ဒ်၌ ၎င်းတို့၏အချိန်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့သည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ