Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ

လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ

International News Sports
လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ
လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က နိုင်ငံ့လက်ရွေးစင်အသင်းသို့ရောက်ရှိနေချိန်တွင် ကလပ်အသင်း၌ ရုန်းကန်နေရမှုများအားလုံးကို မေ့ပစ်ထားချင်ကြောင်းထုတ်ပြောလိုက်သည်။

ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင်ပြိုင်ပွဲစုံ၌ စုစုပေါင်းပွဲ ၄ဝ ပါဝင်ကစားခဲ့သော်လည်း ခုနစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီနှင့်ရင်ဆိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်၌ အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်ခဲ့သလို နယူးကာဆယ်နှင့်ကစားခဲ့သော ကာရာဘောင်းဖလားဗိုလ်လုပွဲ၌လည်း အသင်းကိုကယ်တင်နိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့်လည်း ဒါဝင်နူးနက်ဇ်က ယခုအချိန်တွင်အရာအားလုံးကို မေ့ပစ်ထားချင်ကြောင်း အခိုင်အမာထုတ်ဖော်ပြောဆိုခဲ့သည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ
လီဗာပူးတွင် ရုန်းကန်နေရမှုများကို မေ့ထားချင်ဟု ဒါဝင်နူးနက်ဇ် ဝန်ခံ

ဒါဝင်နူးနက်ဇ်က “အဲဒီမှာ ဖြစ်ပျက်နေတဲ့အရာတွေအားလုံးကို ကျွန်တော် မေ့ထားချင်တယ်။ ကစားသမားတစ်ဦးအတွက် နိုင်ငံရဲ့ဂျာစီကိုဝတ်ဆင်ရတာထက် ပိုလှပတာဘာမှမရှိနိုင်ဘူး။ ကျွန်တော့်အနေနဲ့ နိုင်ငံအသင်းအကြောင်းတွေးမိလိုက်ရင် မိနစ်တိုင်း ပျော်ရွှင်နေမိပါတယ်။ အဲဒါကဘောလုံးမှာ ဖြတ်သန်းခဲ့ရတဲ့အခိုက်အတန့်တွေပါပဲ။ ကျွန်တော်အမြဲပြောနေသလိုပါပဲ။ ပွဲတွေမှာ မကစားရလို့ဒေါသထွက်နေမယ့်သူထဲ ကျွန်တော်မပါပါဘူး။ ဒါပေမဲ့ကစားရဖို့အတွက် ကျွန်တော်အလုပ်လုပ်နေပါတယ်”ဟု ဖွင့်ဟခဲ့သည်။

ဥရုဂွေးသည် ယခုလ ၂၂ ရက် နှင့် ၂၆ ရက်တို့၌ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အာဂျင်တီးနား၊ ဘိုလီးဗီးယားတို့နှင့် ရင်ဆိုင်သွားရမည်ဖြစ်ပြီး ဒါဝင်နူးနက်ဇ်သည် ထိုခြေစစ်ပွဲများအတွင်း ငါးဂိုး သွင်းယူထားကာ ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...