အနာဂတ်ကို မိမိကိုယ်တိုင်ပင် တိတိကျကျမသိရှိသေးကြောင်း ဗန်ဒိုက်ခ်ဝန်ခံ

လီဗာပူးကပ္ပတိန်ဗန်ဒိုက်ခ်က အနာဂတ်နှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်းမသိရှိသေးကြောင်း အခိုင်အမာ ပြောဆိုလိုက်ပြီဖြစ်သည်။
ဗန်ဒိုက်ခ်သည် အလက်ဇန္ဒားအာနိုးနှင့် ဆာလာတို့နည်းတူ ယခုရာသီပြီးဆုံးချိန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင်စာချုပ်သစ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်နေသော်လည်း သဘောတူညီမှုမရရှိသေးဘဲ ယခုအခါတွင် ၎င်းကိုယ်တိုင်ကလာမည့်ရာသီ၌ မည်သည့်အသင်းတွင် ကစားရမည်ဆိုသည်ကို မသိရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဗန်ဒိုက်ခ်က “ကျွန်တော်မပြောတတ်ဘူး။ လောလောဆယ်မှာ ဘာမှကိုမပြောနိုင်သေးတာပါ။အဲဒါကအစစ်အမှန်ပါပဲ။ လုံးဝကို မပြောတတ်သေးတာပါ။ ဘာမှကိုလက်ဆုပ်လက်ကိုင်ပြစရာမရှိဘူး။ အခိုင်အမာပြောနိုင်တာတစ်ခုရှိတယ်။ နားထောင်ပါ။ အဲဒါက ဒီရာသီမှာ ကစားဖို့ ၁ဝ ပွဲကျန်ရှိနေသေးပြီး အဲဒါက ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုပါပဲ။ သတင်းရှိလာမယ်ဆိုရင်တော့ သိရှိကြရမှာပါ။

ဒါပေမဲ့အခုအချိန်မှာတော့ ကျွန်တော်ကိုယ်တိုင်တောင် မသိသေးဘူး။ နောက်ကွယ်မှာစကားပြောဆိုမှုတွေရှိတာ လူတိုင်းသိတယ်။ ဒါပေမဲ့လာမယ့်နှစ်မှာ ဘာတွေဖြစ်လာမလဲမပြောနိုင်သေးဘူး။ အဲဒါကိုသိတယ်လို့ပြောရင် အဲဒါကမုသားပြောတာပါပဲ”ဟု ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လက်ရှိအချိန်၌ လီဗာပူးတာဝန်ရှိသူများသည် ဒေါ့မွန်ခံစစ်ကစားသမားနီကိုရှာလော့တာဘတ်ကို ခေါ်ယူရန်စီစဉ်မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းကြောင့်လည်း ဗန်ဒိုက်ခ်၏အနာဂတ်မှာပိုမို၍ သံသယဖြစ်ဖွယ်ရှိလာရခြင်းဖြစ်သည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ