တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားသွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD နောက်ဆုံးပေါ်ကားများသည် ကီလို ၄၀၀ ခရီးအတွက် ၅ မိနစ်အတွင်း အားအပြည့်အသွင်းနိုင်သဖြင့် ၎င်း၏ စတော့ရှယ်ယာစျေးများ စံချိန်တင်မြင့်တက်နေကြောင်း သိရှိရသည်။

ပြိုင်ဖက် အမေရိကန် တက်စလာ (Tesla) လျှပ်စစ်ကားမှာ ၂၇၅ ကီလိုမီတာအကွာအဝေးမောင်းရန်အတွက် ၁၅ မိနစ်ကြာ အားဖြည့်ရန်လိုအပ်သည်။
BYD ၏ ဟောင်ကောင် စတော့ရှယ်ယာတန်ဖိုးသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း ခြောက်ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၅၄ ဘီလီယံထိရှိလာခဲ့သည်။ ၎င်းအခြေအနေသည် တက်စလာ လျှပ်စစ်ကားကုမ္ပဏီအပေါ်များစွာ ဖိအားသက်ရောက်စေနိုင်ကြောင်း သိရှိရသည်။

တက်စလာကားများ ကမ္ဘာတဝန်းရောင်းအားကျနေပြီး ရှယ်ယာပမာဏ ယခုနှစ်ဆန်းတွင် ၄၀ ရာခိုင်နှုန်းထိုးကျခဲ့သည်။ BYD နောက်ဆုံးပေါ်ကားများသည် ၅ မိနစ်သာ အားသွင်းရန်လိုသည်ဟု ကြေညာပြီးနောက် တက်စလာရှယ်ယာတန်ဖိုးများ နောက်ထပ် ၅ ဒသမ ၃ ရာခိုင်နှုန်းထိုးကျသွားသည်။
၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သည့် BYD နောက်ဆုံးထုတ် Han L နှင့် Tang L မော်ဒယ်ကားများကို ဧပြီလတွင် ရောင်းချသွားမည်ဖြစ်ပြီး တန်ဖိုးမှာ ဒေါ်လာ ၃၇၃၀၀ နှင့် ၅၀,၀၀၀ ကျမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ယခင်က တန်ဖိုးနည်း လျှပ်စစ်၊ စက်မှုနှင့် နည်းပညာပစ္စည်းကိုသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း အဆင့်မြင့် နည်းပညာကုန်များကို ကမ္ဘာနှင့် ယှဉ်ထုတ်လုပ်နိုင်လာနေသည်။
ကားစျေးကွက်ကို နှစ်ပေါင်းများစွာလွှမ်းမိုးခဲ့သည့် ဂျာမန် VW နှင့် မာဆေးဒီး ကားကုမ္ပဏီများပင် တရုတ်ကားကုမ္ပဏီများနှင့် ယှဥ်ပြိုင်နေရပြီး ၎င်းတို့၏ စျေးကွက်များမှာ ပိုမို၍ ကျုံ့လာသဖြင့် စက်ရုံများပိတ်သိမ်းနေရပြီး အခက်များစွာကြုံနေရသည်။
ရေးသားသူ- Myanmar Now
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ