Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ

ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ

International News Tech
ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ
ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်မှ မြို့တစ်မြို့မှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်လျက် ရှိပါတယ်။ ဂျပန်နိုင်ငံ ကုန်းမြေထုရဲ့ ၂၀ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းဟာ ဂျပန်နိုင်ငံရဲ့ နို့ထွက်ပစ္စည်း ၅၀ ရာခိုင်နှုန်းကျော် ထွက်ရှိရာဖြစ်ပြီး ကျွန်းပေါ်မှာ နွားအကောင်ရေ ၁ သန်းကျော်ရှိပါတယ်။

နွားအကောင်ရေ များပြားလွန်းတာကြောင့် နွားချေးတွေကို စီမံခန့်ခွဲဖို့ကလည်း ထည့်သွင်းစဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ နှစ်စဉ်နှစ်တိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ နွားချေးတန်ချိန် သန်း ၂၀ ထွက်ရှိပြီး ထိန်းသိမ်းစီမံမှု မနိုင်နင်းရင် သဘာဝပတ်ဝန်းကျင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သလို မီသိန်းဓာတ်ငွေ့ အများအပြား ထွက်ရှိစေနိုင်ပါတယ်။ ဒါ့အပြင် မြစ်ချောင်းတွေထဲ စီးဆင်းသွားရင် ရေထုအရည်အသွေးကိုလည်း ထိခိုက်စေမှာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ
ဂျပန်နိုင်ငံမှာ နွားချေးကနေ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်နေ

ရှီကောင်းအီဟိုက်ဒရိုဂျင်စက်ရုံကတော့ နွားချေးတွေကို ဟိုက်ဒရိုဂျင် ထုတ်လုပ်မယ့် ကုန်ကြမ်းအဖြစ် အသုံးပြုလျက် ရှိပါတယ်။ ဒေသတွင်း ဝေးလံခေါင်သီတဲ့ ဒေသတွေကို ပံ့ပိုးပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေကနေ ဟိုက်ဒရိုဂျင် ထုတ်လုပ်ဖို့ ရည်ရွယ်ပြီး အဲဒီစီမံကိန်းကို ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာပါ။

နွားခြံတွေကနေ နွားချေးနဲ့ နွားကျင်ငယ်ရည်ကို လိုက်လံစုဆောင်းပြီး ပင်မစက်ရုံမှာ ဘက်တီးရီးယားဆိုင်ရာ ဓာတ်ခွဲမှုလုပ်ပြီး ဇီဝဓာတ်ငွေ့ထွက်လာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဇီဝဓာတ်ငွေ့ကို မီသိန်းဓာတ်ငွေ့ အဆင့်ဖြစ်အောင် သန့်စင်ပြီး ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ အသုံးပြုတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဖူကူအိုကာမြို့မှာလည်း လူ့မစင်ကနေ ဟိုက်ဒရိုဂျင်ထုတ်လုပ်လျက် ရှိပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...