Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တရုတ်  BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားသွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

International News Tech
တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားသွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်
တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD နောက်ဆုံးပေါ်ကားများသည် ကီလို ၄၀၀ ခရီးအတွက် ၅ မိနစ်အတွင်း အားအပြည့်အသွင်းနိုင်သဖြင့် ၎င်း၏ စတော့ရှယ်ယာစျေးများ စံချိန်တင်မြင့်တက်နေကြောင်း သိရှိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်
တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

ပြိုင်ဖက် အမေရိကန် တက်စလာ (Tesla) လျှပ်စစ်ကားမှာ ၂၇၅ ကီလိုမီတာအကွာအဝေးမောင်းရန်အတွက် ၁၅ မိနစ်ကြာ အားဖြည့်ရန်လိုအပ်သည်။
BYD ၏ ဟောင်ကောင် စတော့ရှယ်ယာတန်ဖိုးသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း ခြောက်ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၅၄ ဘီလီယံထိရှိလာခဲ့သည်။ ၎င်းအခြေအနေသည် တက်စလာ လျှပ်စစ်ကားကုမ္ပဏီအပေါ်များစွာ ဖိအားသက်ရောက်စေနိုင်ကြောင်း သိရှိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်
တရုတ် BYD နောက်ဆုံးထွက်ကားများ ၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သဖြင့် ရှယ်ယာစျေးများထိုးတက်

တက်စလာကားများ ကမ္ဘာတဝန်းရောင်းအားကျနေပြီး ရှယ်ယာပမာဏ ယခုနှစ်ဆန်းတွင် ၄၀ ရာခိုင်နှုန်းထိုးကျခဲ့သည်။ BYD နောက်ဆုံးပေါ်ကားများသည် ၅ မိနစ်သာ အားသွင်းရန်လိုသည်ဟု ကြေညာပြီးနောက် တက်စလာရှယ်ယာတန်ဖိုးများ နောက်ထပ် ၅ ဒသမ ၃ ရာခိုင်နှုန်းထိုးကျသွားသည်။

၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်သည့် BYD နောက်ဆုံးထုတ် Han L နှင့် Tang L မော်ဒယ်ကားများကို ဧပြီလတွင် ရောင်းချသွားမည်ဖြစ်ပြီး တန်ဖိုးမှာ ဒေါ်လာ ၃၇၃၀၀ နှင့် ၅၀,၀၀၀ ကျမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ယခင်က တန်ဖိုးနည်း လျှပ်စစ်၊ စက်မှုနှင့် နည်းပညာပစ္စည်းကိုသာ ထုတ်လုပ်နိုင်ခဲ့သော်လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း အဆင့်မြင့် နည်းပညာကုန်များကို ကမ္ဘာနှင့် ယှဉ်ထုတ်လုပ်နိုင်လာနေသည်။

ကားစျေးကွက်ကို နှစ်ပေါင်းများစွာလွှမ်းမိုးခဲ့သည့် ဂျာမန် VW နှင့် မာဆေးဒီး ကားကုမ္ပဏီများပင် တရုတ်ကားကုမ္ပဏီများနှင့် ယှဥ်ပြိုင်နေရပြီး ၎င်းတို့၏ စျေးကွက်များမှာ ပိုမို၍ ကျုံ့လာသဖြင့် စက်ရုံများပိတ်သိမ်းနေရပြီး အခက်များစွာကြုံနေရသည်။

 

ရေးသားသူ- Myanmar Now


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...