Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အားအကောင်းဆုံး သူလျှိုကင်မရာ တရုတ်သိပ္ပံပညာရှင်များဖန်တီး

ကမ္ဘာ့အားအကောင်းဆုံး သူလျှိုကင်မရာ တရုတ်သိပ္ပံပညာရှင်များဖန်တီး

International News Tech

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့အားအကောင်းဆုံး သူလျှိုကင်မရာတစ်မျိုးကို တည်ဆောက်ထားနိုင်တယ်လို့ သိရပါတယ်။Synthetic aperture lidar (SAL) နည်းပညာကိုသုံးပြီး တည်ဆောက်ထားတဲ့ အဲဒီသူလျှိုကင်မရာဟာ မိုင် ၆ဝ အကွာမှာရှိတဲ့ လူတစ်ဦးရဲ့မျက်နှာပြင်အသေးစိတ်ကို ရယူပေးနိုင်တယ်လို့သိရပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေဟာ အဲဒီသူလျှိုကင်မရာစနစ်ကို သုံးပြီး တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ချင်းဟိုင်ရေကန်ရဲ့တစ်ဖက်ကမ်း မိုင်ပေါင်း ၆၃ ဒသမ ၂ မိုင်အကွာမှာရှိတဲ့ အရာတွေကို စမ်းသပ်ထောက်လှမ်းခဲ့ပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အားအကောင်းဆုံး သူလျှိုကင်မရာ တရုတ်သိပ္ပံပညာရှင်များဖန်တီး
ကမ္ဘာ့အားအကောင်းဆုံး သူလျှိုကင်မရာ တရုတ်သိပ္ပံပညာရှင်များဖန်တီး

စမ်းသပ်မှုရလဒ်တွေအရဆိုရင် SAL သူလျှိုကင်မရာစနစ်တွေဟာ ချင်းဟိုင်ရေကန်တစ်ဖက်ကမ်းက အရာတွေကို သုည ဒသမ ဝ၇ လက်မအထိရှိတဲ့ အသေးစိတ်တွေကိုတောင် ထောက်လှမ်းပေးနိုင်တယ်လို့သိရပါတယ်။
SAL သူလျှိုကင်မရာစနစ်ဟာ ဂြိုဟ်တုတွေမှာတပ်ဆင်အသုံးပြုမယ်ဆိုရင် ကမ္ဘာ့အားအကောင်းဆုံးသူလျှိုကင်မရာစနစ်ဖြစ်လာမှာပါ။

တရုတ်နိုင်ငံက ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တင်ခဲ့တဲ့ Yaogan -41 အမည်ရှိ ဂြိုဟ်တုမှာတပ်ဆင်ထားတဲ့ ကင်မရာစနစ်တစ်မျိုးဟာ အင်ဒို-ပစိဖိတ်ဒေသတစ်ခွင်လုံးမှာရှိတဲ့ ကားတစ်စီးအရွယ်အစားရှိတဲ့အရာမှန်သမျှရဲ့ ရွေ့လျားမှုတွေကို ခြေရာခံ စောင့်ကြည့်နိုင်ပါတယ်။

ရေးသားသူ-The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...