Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း

ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း

Astrology
ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက်
သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း
ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း

အခြေအနေအရပ်ရပ်က စိုးရိမ်မှတ် 10+ ဖြစ်နေလို့ မြန်မာပြည်က လူအားလုံး မပျော်မရွှင် နဲ့ စိုးရိမ်ထိတ်လန့် နေကြပါတယ် ။
အန္တရယ်ကင်း ရန်စွယ်ရှင်းစေခြင်း အထောက်အပံ့ အဖြစ် အောက်ပါယာယီယတြာတွေကို လုပ်စေချင်ပါတယ် ။ အကူအညီတစ်ခုခု ဖြစ်စေချင်လို့ရေးသားတာဖြစ်လို့
သမားဂုဏ်ပြ ပညာရပ် ရှင်းလင်းမှုတွေမပါဝင်ပဲ လက်တွေ့လုပ်ဆောင်ကြရန်အတွက်ပဲ လိုရင်းတိုရှင်း ရေးပေးပါမယ် ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း
ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း

အသက်ရှင်သန်ဖို့က ပထမဖြစ်၍
မန္တလေး၊အမရပူရ ၊စစ်ကိုင်း ၊ ပဲခူး ၊ တောင်ငူ ရန်ကုန်အပါအဝင် ငလျင်ကြောနှင့် ထိစပ်နေသော ၊ ဘေးအန္တရယ် အလွယ်တကူ ကျရောက်လွယ်သော မြို့ရွာများတွင်နေထိုင်သူများအတွက် အထူးရည်ရွယ် ရေးသားပေးပါသည် ။
ယနေ့ 5.4.2025 မှ 11.4.2025 အတွင်း အောက်ပါအတိုင်းဆောင်ရွက်ပါ။

1. မိမိတို့ကိုးကွယ်ရာ ဘုရားရုပ်ပွားတော်ကို ရောင်တော်ဖွင့်ပါ ။
ရေတော်သပ္ပါယ်ပါ။ ရေခြောက်သွေ့အောင်သုတ်ပြီး
မူလ ထားနေကျ ပုံစံမှ အနည်းငယ် ပြင်ဆင်ပြောင်းရွှေ့ထားရှိပူဇော်ပါ ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း
ကပ်ဘေးကာလအတွင်း ယတြာယုံကြည်တတ်သူများအတွက် သက်ကယ်တစ်ပင်ဖြစ်ပါစေသတည်း

2. မိမိတို့အိမ်မှ စားပွဲ ဗီရို စသည့် အိမ်အသုံးအဆောင်ပစ္စည်းများကို
အနည်းငယ် ပြင်ဆင် ပြောင်းလဲနေရာချထားပါ ။

3. အခန်းကျယ်လျှင် နေရာပြောင်းရွှေ့အိပ်ပါ ။ အခန်းကျဉ်းလျှင် အိပ်နေကျပုံစံ မဟုတ်ပဲ
ဒီကရီ အနည်းငယ်စောင်းရွှေ့ပြီးအိပ်ပါ ။
(မိမိတို့နေအိမ်မဟုတ်သည့်
တခြားတစ်နေရာသို့လည်း ယတြာသဘော ပြောင်းရွှေ့အိပ်စက်ပေးလျှင်ပိုကောင်းပါတယ် )

4. မိမိတို့နေ့နံအလိုက် အမြစ်+အညွှန့် အတွဲ ကိုးညွှန့် ကို လှူပါ။
ကိုယ်တွင်လည်းအောက်ပါအတိုင်း ဆောင်ထားပါ ။

တနင်္ဂနွေ 👉 ဒန်းကြီး ၉ ညွှန့်
တနင်္လာ 👉 ဩဇာ ၄ ညွှန့်
အင်္ဂါ 👉 ခရေ ၆ ညွှန့်
ဗုဒ္ဓဟူး 👉 စိန်ပန်း ၈ ညွှန့်
ကြာသပတေး👉လသာ ၁၀ ညွှန့်
သောကြာ👉ပိတောက် ၁၂ ညွှန့်
စနေ 👉 သစ်အယ် ၇ ညွှန့်
သစ်အယ် ရှာရခက်တယ် ဆိုလျှင်
သီး‌ ၃ ညွှန့် စီ ဖိနပ်မှာ အဆင်ပြေရာနဲ့ ကပ်ပြီး အုန်းတစ်ညွှန့်ဆောင်ပါ ။
လှူသည့်အခါ သီး ၆ ညွှန့် နှင့် အုန်း တစ်ညွှန့်ကို အတူတူပူးတွဲတင်းကျပ်စွာ စည်းနှောင်ပြီးမှ လှူပါ ။

အထူးမှတ်ချက် အမြစ်အညွှန့်အတွဲတို့၏ ဓါတ်သဘောသည်
လုံစေ ကာစေသည်ဖြစ်၍ ရေရှည် ကာလကြာအသုံးပြုလျှင်
လာဘ်လာဘ ကိုပါ နှောင့်နှေးပိတ်ကာတတ်သော သဘောရှိ၏။
ကံကုန်၍ဇီဝိန်ချုပ်ခါနီးလူနာတွင်သုံးလျှင် ဇီဝဓါတ်ကို ချုပ်ကိုင်ထားသလို လူနာတွင် ပင်ပန်းဆင်းရဲအသက်ထွက်ခဲ၏ ။

သို့သော် ယခုကာလတွင် လာဘ်လာဘ ထက် အသက်ဇီဝိန်တည်တံ့ ဘေးကင်းရေးကို သာ ဦးစားပေးရွေးချယ်ရမည့် ကာလဖြစ်သောကြောင့် ဤ ယတြာကို ဆောင်ရွက်ခိုင်းသည်ဟု သဘောကျသူများ လုပ်ဆောင်ပြီး သဘောမတွေ့သူများ
ကိုယ့်သဘော ကိုယ့်ရွေးချယ်မှုသာဖြစ်ပေလိမ့်မည် ။

5. အန္တရယ်အကင်းဆုံး၊ စိတ်တိုင်းအကျဆုံး နေရာတစ်ခုခုတွင် ကာလတို ခေတ္တပြောင်းရွှေ့နေထိုင်ဖို့ ဆုံးဖြတ်ထားလျှင် 10.4.2025အတွင်း ပြောင်းရွှေ့ပြီးသားဖြစ်အောင် စီစဉ်ဆောင်ရွက်ပါ။

6. ဂဗ္ဘေ မီးတိုင်ကို နေ့စဉ် စီရင် ထွန်းညှိပူဇော်ပါ ။

7. အောင်သပြေ 27 ညွှန့်ဖြင့်
အောင်အိုး သီးသန့် တစ်အိုးထိုးလှူထားပါ ။ နွမ်းလျှင် ဘယ်နေ့ဖြစ်ဖြစ် အသစ်လဲလှယ် ထိုးလှူပါ ။

April 12 မှ April 26 ရက်အတွင်းတွင် ခရီးဝေးထွက်ခြင်း ရှောင်ကြဉ်ပါ ။အတတ်နိုင်ဆုံးမိမိတို့ အိမ်တွင် နေထိုင်ခြင်းသည်
ယတြာဖြင့် နေခြင်းဖြစ်သည်ဟု မှတ်ယူပါ။အလုပ်ကိစ္စများရှိ၍ အပြင်ထွက်ရလျှင်လည်း ခါတိုင်းလိုမနေပဲ လုပ်စရာပြီးတာနှင့် အိမ်သို့ အမြန်ဆုံးပြန်ပါ ။
အန္တရယ် တစ်စုံတစ်ရာကျရောက်၍ရှောင်ပြေးစရာကိစ္စပေါ်လာမှ နေအိမ်မှ လျှင်မြန်စွာ ထွက်ခွာပါ ။

သီလဖြူစင်အောင်စောင့်ထိန်းပြီး
သရဏဂုံ ၊ ကိုးပါးဂုဏ် အမြဲထုံထားပါ ။

မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကျရောက်ဆဲ ကျရောက်လတ္တံဖြစ်သော ဘေးအန္တရယ်ဆိုးအမျိုးမျိုးတို့မှ မထိမပါးလွတ်မြောက်ကြပါစေ။
ရုပ် နာမ် နှစ်ဖြာ စီးပွားဥစ္စာ တည်တံ့ခိုင်မြဲကြပါစေ ။

ရေးသားသူ-CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...