လအိမ်ဖွဲ့ရင်ဖြစ်တတ်သည့် သဘာဝတရားများကို ဗဟုသုတအဖြစ်ပြောပြပေးခြင်း

၈.၄.၂၀၂၅ အင်္ဂါနေ့ညမှာ
လအိမ်ဖွဲ့တာကိုတွေ့ရှိရတဲ့အတွက်
ကျွန်တော့်စာကြည့်ခန်းကို
အပြေးအလွှာသွားပြီး
ကျမ်းစာအုပ်ပေါင်းများစွာကို
ရှာဖွေဖတ်ရှုကြည့်တဲ့အခါမှာ
လောကရေးရာပဒေသာကျမ်းမှာ
လအိမ်ဖွဲ့ရင် နေ့အလိုက်
ဖြစ်လေ့ဖြစ်ထရှိသည်များကို
ရေးသားထားတာတွေ့ရှိရတဲ့အတွက်
ဘဝမိတ်ဆွေများဆောင်ရန်ရှောင်ရန်
သတိပြုအောင်ပြောပြပေးလိုပါတယ်ခင်ဗျာ

လောကရေးရာပဒေသာကျမ်းတွင်
တနင်္ဂနွေနေ့ဖွဲ့ရင်မီးလောင်
ရေကြီးစတဲ့သဘာဝဘေးကြီးတွေ
ကြုံရတတ်ပါတယ်အန္တရာယ်ကင်းအောင်
(ဌက်လှောင်အိမ်လေးများလှူပါ)
တနင်္လာနေ့ဖွဲ့ရင်ဖြင့်
တိုင်းပြည်အုပ်စိုးသူကြွယ်ဝတတ်ပါတယ်
(မြတ်စွာဘုရားရှင်အား
သောက်တော်ရေ(၃)ခွက်လှူဒါန်းပါ)
အင်္ဂါနေ့ဖွဲ့ရင်မုန်တိုင်းဒဏ်ကျခြင်းနှင့်
လူအသေအပျောက်များတတ်ပါတယ်
(ဘေးမထိရန်မခအောင်ဌက်စားကျွေးခြင်းခွေးစားကျွေးခြင်း
ကုသိုလ်များဆောင်ရွက်ပါ)
ဗုဒ္ဓဟူးနေ့ဖွဲ့ရင်တော့
စစ်မက်ဘေးရန်များမယ်ရေကြီးမယ်
(အဖိုးအဖွားများအားဆေးဝါးလှူပါ)
ကြာသပတေးနေ့ဖွဲ့ရင်
မင်းကိုအမတ်လုပ်ကြံတတ်တယ်
(တိရစ္ဆာန်ဘေးမဲ့လွတ်ပေးပါ)
သောကြာနေ့ဖွဲ့ရင်တိုင်းသူပြည်သားများ
ကြွယ်ဝချမ်းသာမယ်
(သံဃာတော်အားဘိနပ်လှူဒါန်းပါ)
စနေနေ့ဖွဲ့ရင်စစ်ပြေငြိမ်း၍
မိုးလေဝသမှန်မယ်
(နေအိမ်ဘုရားခန်းမှာအောင်သပြေပန်း(၅)ညွန့်လှူဒါန်းပေးပါ)
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ