Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ "လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ"

“လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ”

Astrology
“လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ”
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ
“လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ”

တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် စိတ်ဝင်စားလာအောင် ဆောင်ရမယ့် အဆောင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အချစ်ရေးတွေ အတွက်ဆို အဓိကလုပ်ဆောင်ရမဲ့ အဆောင်မျိုးဖြစ်တယ်။

သိပ့်ပြီးမခက်ခဲဘဲ မိမိသွားလေရာမှာ ပြောဆိုဆောင်ရွတ်တဲ့အခါမှာ မိမိလိုရာကိစ္စကို မိမိကပြောဆိုဆောင်ရွတ်တဲ့အခါမျိုးမှာ အဆင်ပြေအောင် အောင်မြင်အောင် မိမိကို တဖက်သားကနေပြီးတော့ လေးလေးစားစားနဲ့ ခင်ခင်မင်မင်ဖြစ်လာအောင် အကျိုးပြုသည့် အဆောင်မျိုးဖြစ်ပါတယ်။ နေ့သားအလိုက် မိမိနေ့နာမ်ကစလို့ ပဉ်စပှတျနံနဲ့ ဆုံးတဲ့အသားကို အရုပ်ထုရမှာ ဖြစ်တယ် ။အဲ့ဒိအရုပ်ကလည်း ပဉ္စပွတ်နဲ့ဆုံးတဲ့ နေ့နာမ်အသားကို ထုရမှာ ဖြစ်ပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ
“လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ”

ဥပမာ အားဖြင့်….တနင်္ဂနွေသားသမီးဆိုရင် သူ့ရဲ့ပဉ်စပှတျဆိုတာက တနင်္ဂနွေပြီးရင် တနင်္လါ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ဆိုတော့ မိမိကနေစပြီးတော့ ရေတွက်မယ်ဆိုရင် ငါးခုမြောက်နံက ပဉ္စပွတ်လို့ ခေါ်တာပါ။

တနင်္လါသားသမီးဆိုရင် သူ့ရဲ့ပဉ္စပွတ်ဟာ တနင်္လါ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေးသောကြာ(သောကြာ)က သူ့ရဲ့ ပဉ္စပွတ်နံဖြစ်တယ်
က.ခ.ဂ.ဃ.င. တနင်္လါနံ (2)
ဆ.စ.ဇ.ည. အင်္ဂါနံ (3)
တ.ထ.ဒ.ဓ.န. စနေနံ (7)
ပ.ဖ.ဘ.ဗ.မ. ကြာသာပတေးနံ (5)
ရ.ထ.လ.ဝ. ဗုဒ္ဓဟူးနံ (4)
သ.ဟ. သောကြာ (6)
အ. တနင်္ဂနွေ (1)
ဆိုတဲ့ ဒီယတြာလေးကိုတော့ အခြေခံ နံသင့်အက္ခရာယူနည်း ဂဏန်းယူနည်း သိထားမှ ဖြစ်ပါမယ်။

ပီယအဆောင် အနေနဲ့ ကိုယ့်ကို ချစ်ခင်စေဖို့ သမီးရည်းစားကိစ္စအဆင်ပြေဖို့ သွားလေရာ ရောက်လေရာ အရပ်ဒေသ၌ ကိုယ်ပြောဆိုလုပ်ကိုင်တဲ့ ကိစ္စတွေမှာ အဆင်ပြေဖို့ ကိုယ့်ကို အလေးထား စိတ်ဝင်စားပြီးတော့ ကိုယ့်ကို ချစ်ချစ်ခင်ခင်နဲ့ ကိုပြောသမျှ အောင်မြင်ဖို့ အတွက်က ဒီအဆောင်လေး ဆောင်ထားခြင်းဖြင့် အချစ်ရေးကိစ္စတွက်ဖြစ်စေ မေတ္တာရေးကိစ္စအတွက်ဖြစ်စေ ပိုပြီးတော့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးများ အောင်ပန်းဖြူအသားကို
လက်တဆစ်ခန့် ဖြတ်ပြီးတော့ ကြွက်ရုပ်ထုလုပ်၍ အမြဲ တမ်းဆောင်ရမှာ ဖြစ်ပါတယ်။

တနင်္လါသားသမီးများ ကသစ်သားကို လက်တဆစ်ခန့် ဖြတ်၍ ပူးအရုပ်ကလေး ထုလုပ်၍ ဆောင်ပါ။

အင်္ဂါသားသမီးများ စွယ်တော်သားကို လက်တဆစ်ဖြတ်၍ နဂါးရုပ်ထုပြီး ဆောင်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ ဝါးကိုဖြတ်ပြီးတော့ ဂဠုန်ရုပ်ကို ထုလုပ်ပြီး ဆောင်ရမည်ဖြစ်သည်။

ကြာသာပတေးသားသမီးများ မန်ကျဥ်းသားကို လက်တဆစ်ခန့်ဖြတ်ပြီး ကျားရုပ်ထု၍ ဆောင်ပါ။

သောကြာသားသမီးများ သစ်ဆိမ့်သားကို လက်တဆစ်ခန့်ဖြတ်၍ ခြင်္သေရုပ်ထု ၍ဆောင်ပါ။

စနေသားသမီးများအတွက်က ဒန့်ဒလွန်သားကို လက်ဆစ်ခန့် ဖြတ်၍ ဆင်ရုပ်ထုပြီး အမြဲတမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဒီအဆောင်တွေကတော့ နေ့၇နေ့မှာ ကိုယ့်နေ့အလိုက် ရုပ်ထုထုပြီးတော့ ဆောင်တဲ့အခါမှာ ပီယအဆောင်အနေနဲ့ အများအားဖြင့် စွမ်းအားသတ္တိကို ပေးမှာ ဖြစ်ပါတယ်။
ကိုယ့်ကို ချစ်ခင်ပြီးတော့ ခင်မင်ပြီး အထောက်အပံပေးတာမျိုး အကူအညီပေးတာမျိုး စသည်ဖြင့် ပိုပြီးတော့ မိမိမှာ ပီယသတ္တိတွေရရှိလာစေမှာ ဖြစ်ပါတယ် မိမိတို့ရဲ့ ဘဝမှာ လုပ်ကိုင်ဆောင်ရွတ်တဲ့အခါအထူးသဖြင့် ချစ်ခင်မူ့နဲ့ ပတ်သက်ပြီးအထောက်အကူဖြစ်ပြီးတော့ မိမိလိုခြင်တဲ့ ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

မိမိလုပ်ကိုင်တဲ့ နေရာမှာ မိမိရဲ့ ပြောရေးဆိုရေးကိစ္စတွေမှာ ပိုပြီးတော့ အဆင်ပြေပြီး အောင်မြင်တိုးတက်စေပါလိမ့်မယ်။အားလုံး ကျန်းမာချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

ရေးသားသူ-Zin Min Htet


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...