အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်ပေမယ့် အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေပဲ ပိုလုပ်ချင်လာတယ်လို့ ဖွင့်ဟလာတဲ့ ဖွေးဖွေး

ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ဖွေးဖွေးကတော့ အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်ပေမယ့် အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေပဲ ပိုလုပ်ချင်လာတယ်လို့ ဖွင့်ဟလာပါ တယ်။

“အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်တယ်။ ခု အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေကိုပဲ ပိုဖြစ်ချင် လုပ်ချင်လာတယ် … ။ အဆိုးတွေလျော့အောင်တော့ ကြိုးစားနေဆဲ …။ စိတ်အေးချမ်းမှု ငြိမ်နေတဲ့ နောက်တွေ ပိုပြီးလိုက်ချင်လာတယ်။ အားလုံးလည်း ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ရနိုင်ကြပြီး ကိုယ်မလိုချင်တာကိုလည်း ရအောင် ငြင်းပယ်နိုင်ကြပါစေ… ။ မိသားစု ၃ ယောက်ရဲ့ တိတ်ဆိတ်တဲ့ မြန်မာနှစ်သစ်လေး တစ်ရက်ပါပဲ”လို့ အကယ်ဒမီ ဖွေးဖွေးက ပရိသတ်သိအောင်ဖွင့်ဟလာပါတယ်။

သူမကတော့ ဖခင်ဆုံးပါးပြီးတဲ့နောက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ မိသားစု ၃ ယောက်ကပဲ အိမ်ရှိဘုရား ရေသပ္ပါယ်ခဲ့ပြီးတော့ ငလျင်ဘေးအတွက် Tent 300 အလှူနဲ့ ငွေကြေးတွေကို စုပေါင်းလှူဒါန်းခဲ့ပါတယ်။ ဖွေးဖွေးကတော့ ငလျင်ဘေးသင့်သူတွေကို ငွေကြေးတွေကို ယခင်လှူဒါန်းထားခဲ့သလို မန္တလေးမှာလည်း ထမင်းဘူးတွေကို ၄ ရက်ဆက်တိုက် လှူဒါန်းခဲ့ပါသေးတယ်။

“နှစ်ဆန်းတစ်ရက်နေ့ “Tent 300 အလှူ” အတွက် မောင်လေး သက်နေစိုးက သိန်း ၄၀၊ ချစ်အမ မစန္ဒီနဲ့ တပည့်များ Korea က ၁၀ သိန်း၊ ချစ်ညီမ ပိုးပိုးက ၁၀ သိန်းရယ်၊ ဖွေးတို့က မိသားစုက ၄၉ သိန်း ၅ သောင်း စုစုပေါင်း ၁၀၉ သိန်း ၅ သောင်းပါ။ ငလျင်ဘေးဖြစ်ထဲက မှာထားတာ နောက်ကျပြီးမှ ရောက်လာတာမို့ ပြန် လည်ထူထောင်ဖို လုပ်နေတဲ့သူတွေ ယာယီနားလို့ရအောင် လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားပါမယ်ရှင်။ ဒီနေ့ ပိတ်ရက်မို့ မနက်ဖြန်မှ ကားငှါးပြီး သွားသယ်ရပါမယ်ရှင်။ အလှူပါဝင်ပေးကြတဲ့ မောင်နှမများ ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။ နတ်လူသာဓုခေါ်စေသော်ဝ်”လို့ သူမက ဆက်ပြောပါတယ်။
ရေးသားသူ-Myanmar Transparency Entertainment
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ