ငလျင်နဲ့ပတ်သက်ပြီး ပျဉ်းမနားနဲ့ နေပြည်တော်တို့က ဆေးရုံနဲ့ ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက် စုစုပေါင်း သိန်းပေါင်း ၂၅၀၀၀ ကို မျှဝေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ်တိုင်းမှာ စွမ်းစွမ်းတမံလုပ်ဆောင်လာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ငလျင်နဲ့ပတ်သက်ပြီး ပျဉ်းမနားနဲ့ နေပြည်တော်တို့က ဆေးရုံနဲ့ ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက် စုစုပေါင်း သိန်းပေါင်း ၂၅၀၀၀ ကို မျှဝေလှူဒါန်းနေတယ်လို့ သိရပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒီကလူတွေ မိသားစုဝင်တွေက အမကို ငွေရေးကြေးတစ်ခုတည်း မျှော်တာမဟုတ်ဘဲ မေတ္တာတရားကို မျှော်ကြတာမို့ အမ မရောက်ရောက်အောင် လာဖြစ်ခဲ့တာပါ။ မိသားစုတွေ အကုန်ဆုံးရှုံးသွားတဲ့အတွက်လည်း တကယ် စိတ်မကောင်းဘူး။ အလှူရှင်တွေက နေရာအနှံ့သွားဖို့အတွက် လှူပေးကြတယ်။ အမအနေနဲ့ကလည်း ကျန်တဲ့မိသားစုအကုန်လုံး လှူဒါန်းရတဲ့နေရာမှာ ခွဲခြမ်းစိတ်ဖြာပြီး နိုင်သလောက်လှူပေးဖြစ်ပါတယ်။ အဓိကလူတွေက စိတ်ဒဏ်ရာပေါ့နော်။ မိသားစုတစ်ခုပျက်စီးသွားတာမို့ အားငယ်တာ စိတ်ညစ်တာတွေရှိတယ်။ လူပဲလာလာ သူတို့အတွက် ခွန်အားဖြစ်စေတာပေါ့။ မတွေးနဲ့ဆိုတော့ ဒီကိစ္စပဲ ခေါင်းထဲရောက်နေတာပေါ့။


အမပေးလှူလိုက်တဲ့ ငွေကြေးတချို့နဲ့ သူတို့လေးတွေ ပြန်ပြီးရပ်တည်ဖို့ရာအတွက်ပါ။ စားစရာနဲ့ တခြားအပိုင်းတွေကို ကျန်တဲ့သူတွေက အင်တိုက်အားတိုက်လှူနေကြတော့ ငွေကြေးလှူတယ်ဆိုရင် သူတို့စိတ်တိုင်းကျ သုံးလို့ရမယ်။ အိမ်ပြင်လို့လည်းရသလို ငှါးနေလိုရအောင် ငွေကြေးလှူပေးဖြစ်တာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုတွေမှာတော့ ပျဉ်းမနားမြိုနယ် မဂ်လာရပ်ကွက်က အိမ်ခြေ ၁၈၅ အိမ်အတွက် ငွေ ကျပ် သိန်း ၄၀၀၀ ဝန်းကျင်ကို ခုနစ်ရက် သားသမီးများအလှုအဖြစ် ဝေမျှ ကူညီဖြစ်ခဲ့တာပါ။ ဒါပြင့် ငလျင်ဘေးသင့်တဲ့ မီးရထားဝန်ထမ်းတွေနဲ့ အောက်ခြေဝန်ထမ်းတွေအတွက် လူဦးရေအလိုက် လိုအပ်တဲ့ နေရာတွေကို ငွေကျပ်သိန်း ၃၀၀၀ ဝန်းကျင်ကို ခုနစ်ရက် သားသမီးတွေရဲ့ ကုသိုလ်အဖြစ် ဝေမျှကူညီဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခိုင်နှင်းဝေကတော့ ငလျင်ကြောင့် ရေလိုင်း၊ မီးလိုင်း၊ စက်ကိရိယာတွေ ပျက်စီးခဲ့တဲ့ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးမှာလည်း တက်ရောက်ကုသနေတဲ့ လူနာတွေနဲ့ ငလျင်ဘေးသင့် လူနာတွေအတွက် ကျောက်ကပ်ဆေးစက်၊ အရေးပေါ်ဆေးဝါးတွေနဲ့ သုံးရေအတွက်ကိုလည်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ