သရုပ်ဆောင် နေမင်းနဲ့ ဖြိုးမြတ်အောင်တို့က ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး အလှူငွေကျပ် ၁၆၁ သိန်း ပေးအပ်လှူဒါန်း

သရုပ်ဆောင် နေမင်းနဲ့ ဖြိုးမြတ်အောင်က အင်းဝမြို့ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေနဲ့ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး အလှူငွေကျပ် ၁၆၁ သိန်းကို ပေးအပ် လှူဒါန်း ခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ငလျင်ကြောင့် ပြင်းထန်စွာခံစားနေရတဲ့ မိဘပြည်သူတွေ တွေ့ရတာ တော်တော်လေးကို စိတ်မကောင်းဖြစ်ပြီး စိတ်ထိခိုက်ရပါတယ်။ ပါဝင်ပြီး ကူညီနိုင်လို့လည်း ပီတိ ဖြစ်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ အကူအညီအရောက်နည်းတဲ့ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံတွေနဲ့ ကျေးရွာတွေကိုလည်း ဆက်လက် သွားရောက်လှူဒါန်းနေပါတယ်”လို့ သရုပ်ဆောင် နေမင်းက ပြောပါတယ်။

သူတို့ကတော့ ယနေ့ ဧပြီ ၃ ရက်က တံတားဦးမြို့နဲ့ အင်းဝမြို့တွေကို သွားရောက်ပြီးတော့ တံတားဦးမြို့က ငလျင်ဘေးကြောင့် ဒဏ်ရာပြင်းထန်သူ ၉ ဦးနဲ့ ခါးရိုးထိခိုက်သူ ၁ ဦးတို့ကို တစ်ဦးကို ကျပ် ၅ သိန်းနှုန်းနဲ့ လူ ၁၀ ဦးကို ကျပ် ၅၀ သိန်း၊ တစ်ဦးကို ကျပ် ၁ သိန်းနှုန်းနဲ့ လူနာ ၂၇ ဦးကို ကျပ် ၂၇ သိန်း ပေးအပ်ခဲ့ပါတယ်။

ဒါ့ပြင် အင်းဝမြို့ငလျင်ဘေးကြောင့် မြေ၊ အိမ်၊ ပျက်စီးသွားတဲ့ မိသားစု ၁၅ စုအတွက် တစ်စုကို ကျပ် ၃ သိန်းနှုန်းနဲ့ ကျပ် ၄၅ သိန်း၊ ထိခိုက်ဒက်ရာပြင်းထန်သူ ၃ ဦးကိုတော့ တစ်ဦးကို ကျပ် ၃ သိန်းနှုန်းနဲ့ ကျပ် ၉ သိန်း၊ ငလျင်ဘေးမှ ထိခိုက်ဒဏ်ရာပြင်းထန်စွာနဲ့ လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးကို ကျပ် ၅ သိန်း၊ နောက် လွတ်မြောက်လာသူ အပျိုကြီးနဲ့ တူ၊ တူမတွေကို ကျပ် ၁၀ သိန်း၊ ရင်ညွန့်ရိုးအက်သွားသူ တစ်ဦးကို ကျပ် ၅ သိန်း၊ ဆီးအိတ်ဖောက်ထားရတဲ့ ကလေးငယ်တစ်ဦးကို ကျပ် ၂ သိန်း၊ အသက် ၈၈ နှစ် အဘွားအိုတစ်ဦးကို ကျပ် ၂ သိန်း၊ အိမ်ပျက်စီးတဲ့ မိသားစု ၂ စုစာအတွက် ကျပ် ၄ သိန်း၊ သမီး ဆုံးပါးသွားတဲ့ နာရေးအတွက် ကျပ် ၁ သိန်း၊ ရပ်ကွက်အတွင်းမှာ အားနည်းနေတဲ့ ကလေးတွေအတွက် ကျပ် ၁ သိန်းစီပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးမှူ၂၀၀ ကျော်အပြင် ငလျင်ဒဏ်ကြောင့် တစ်ရွာလုံးနီးပါး နေအိမ်ဆုံးရှုံးခဲ့ရတဲ့ အင်းဝစျေးချိုရွာဘက်မှာလည်း ငွေကြေးစောင့်ရှောက်မှုနဲ့တကွ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မူတွေကိုလည်း ဒေါက်တာ လတ်ကိုကိုဇင်နဲ့ ဒေါက်တာ အောင်မျိုးမြတ်တို့က ကုသမှုပေးခဲ့ပါတယ်။ ပါဝင်ကူညီပေးလို့လည်း ကျေးဇူးတင်ပါ တယ် ”လို့ သူက ဆက်ပြောပါတယ်။
ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ