ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် Sai Sai Live in Yangon Birthday Show ပွဲကို ရပ်ဆိုင်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

ဂီတလမ်းကြောင်းပေါ်မှာ နှုတ်ခမ်းနီမလေးတွေအပြင် ကြီးကြီး ငယ်ငယ် မမတွေ ကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဧပြီလ ၁၀ ရက်မှာ ကျင်းပမယ့် Sai Sai Live in Yangon Birthday Show ပွဲကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောလာပါတယ်။

“April 10 ရက် ကျနော့်မွေးနေ့မှာ ကျင်းပမယ့် SAISAI LIVE in YANGON ကို ရပ်ဆိုင်းထားပြီးဖြစ်ပါသောကြောင့် လက်မှတ်ဝယ်ယူထားသူ ပရိသတ်များအနေနဲ့ မိမိဝယ်ယူထားသော Page သို့ ဆက်သွယ်၍ Refund ပြန်ထုတ်နိုင်ပါတယ်။ အားလုံး အမြန်ဆုံးအဆင်ပြေကြပါစေ”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖွင့်ဟလာပါတယ်။

သူဟာတော့ ၄ နှစ်တာ ရပ်ဆိုင်းထားတဲ့ Birthday Show ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် ရန်ကုန်က Birthday Show ပွဲကို ငလျင်ဘေးသင့်ကာလဖြစ်တဲ့အတွက် ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ငလျင်ဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ ရေသန့်တွေနဲ့ ငွေကြေးတချို့ကို သွားရောက်လှူဒါန်းခဲ့တာလည်းရှိပါတယ်။

ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ