Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး

၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး

Celebrity International News
၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့
ဟောင်ကောင်မင်းသားကြီး လီလုံခေး
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး
၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး

ဟောင်ဟောင်မင်းသားကြီး လီလုံခေးအတွက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ အသက်အရွယ်နဲ့ မဆိုင်ဘူးလို့ဆိုရမှာပါပဲ။ အသက် ၇၄ နှစ်အရွယ် လီလုံခေးက လက်ရှိ ထောင်ကျနေတဲ့ သူ့ရဲ့ချစ်သူကောင်မလေး ခရစ်ဝမ်ကို လက်ထပ်ခွင့်တောင်းထားတယ်ဆိုတာကို ဧပြီ ၁ ရက်နေ့က ထုတ်ပြောပြခဲ့ပါတယ်။ ခရစ်ဝမ်က သူ့ထက် ၃၇ နှစ် ငယ်ပြီး စာရွက်စာတမ်းအတုလုပ်မှု များပြားမှုနဲ့ လက်ဝယ်ထားရှိမှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လက ထောင်ဒဏ် ၂၅ လ ကျခံခဲ့ရတာပါ။ အခုနှစ် ဇူလိုင်လမှာ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိပါတယ်။

ခရစ်ဝမ်က ထောင်ထဲကနေ လီလုံခေးဆီ စာအစောင် ၄၁၀ ရေးသားပေးပို့ထားပါတယ်။ လီလုံခေးကလည်း သူ့ရဲ့အပတ်တိုင်း အချိန်ဇယားတွေကို စာကနေတဆင့် မျှဝေပေးပေးပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး
၃၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ ဟောင်ကောင်မင်းသားကြီး လီလုံခေး

သူတို့တွဲနေကြတာ ၄ နှစ်ရှိပြီဆိုတာကို ၂၀၂၃ ခုနှစ်က ထုတ်ပြောပြခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်နောက်ပိုင်းမှာ လက်ထပ်ဖို့ စီစဉ်ထားခဲ့တာပါ။ မကြာသေးခင်က လုံခေးဟာ ခရစ်ဝမ်ဆီ သွားလည်ခဲ့ပြီး လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ သူ ထောင်ကလွှတ်တာနဲ့ လက်ထပ်မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။ လက်ထပ်ပွဲအနေနဲ့ကတော့ သူငယ်ချင်းမိတ်ဆွေအနည်းငယ်ကိုပဲ ဧည့်ခံကျွေးမွေးတဲ့ပွဲအသေးစားပဲလုပ်ဖြစ်မှာဖြစ်ပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...