Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို

ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို

Celebrity Local News

သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗိုကတော့ လက်ရှိ ငလျင်ဘေးကြောင့် အင်းလေး ဒေသရှိ ပြိုကျ ပျက်စီးသွားခဲ့တဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်လှူဒါန်းပေးနိုင်ဖို့မှာ အများစုပေါင်းပါဝင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် လီဗာပူးလ်အသင်းရဲ့အခိုင်အမာအားပေးသူအဖြစ်ကနေ တစ်နှစ်တာ တခြားအသင်းပြောင်းလဲအားပေးမယ့် အလှူလေလံတစ်ခုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို
ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို

“အင်းလေးဒေသ နေအိမ်အလှူအတွက် လေလံတင်မယ့် အရာက ကျွန်တော်ပဲဖြစ်ပါတယ်။ လေလံယှဉ်ပြိုင်ရမယ့်ပုံစံကတော့ လီဗာပူးအသင်းရဲ့ အခိုင်အမာပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အခြား ဘောလုံးအသင်းတွေရဲ့ ပရိသတ်တွေက မိမိအားပေးတဲ့ ဘောလုံးအသင်းရဲ့ပရိသတ် တစ်ယောက်အနေနဲ့ ၂၀၂၅/ ၂၀၂၆ ဘောလုံးရာသီအတွက် ပြောင်းလဲအားပေးဖို့ လေလံကြမ်းခင်းသတ်မှတ်စျေး စတင်ပြီး စျေးပြိုင်စနစ်နဲ့ လေလံဆွဲကြရမှာဖြစ်ပါတယ်။ ဥပမာ – ဘောလုံးသမားတွေ တစ်ရာသီ အသင်းပြောင်း (သို) အငှားသွားကစားသလိုပေါ့ ခင်ဗျာ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို
ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို

လီဗာပူးပရိသတ်ဖြစ်တဲ့ ကျွန်တော်ကို မန်ယူပရိသတ်က လေလံဆွဲပြီး မန်ယူအသင်းကို ပြောင်းအားပေးစေတာမျိုးပါ။ တစ်ဖက်က လီဗာပူးပရိသတ်ကလည်း ကျွန်တော့်ကို မန်ယူအသင်းထံ မရောက်စေဖို စျေးပြိုင်ပေးလေလံဆွဲပြီး ကာကွယ်ပေးနိုင်တဲ့ပုံစံပါ။ အာဆယ်နယ်၊ ချယ်ဆီး၊ မန်းစီးတီး၊ စပါး၊ ဘာစီ၊ ရီးရဲလ်….စတဲ့ အသင်းပရိသတ်တွေလည်း ဝင်ရောက်လေလံဆွဲနိုင်ပါတယ်ခင်ဗျာ”လို့ အကယ်ဒမီ ကျော်ကျော်ဗိုက ပြောပါတယ်။

အဆိုပါ လေလံပွဲပြီးမြောက်သွားပါက ကျော်ကျော်ဗိုက လေလံအောင်မြင်သွားတဲ့ အသင်းထံကို ဂုဏ်ယူပျော်ရွှင်ကျေနပ်စွာနဲ့ ၂၀၂၅/ ၂၀၂၆ ဘောလုံးရာသီအတွက် ပြောင်းလဲအားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုပြောင်းလဲအားပေးရာမှာ လေလံအောင်တဲ့ အသင်းအတွက် လုပ်ဆောင်ပေးမယ့်အရာတွေက လေလံအောင်တဲ့အသင်းရဲ့ ဘောလုံးဂျာစီမှာ Kyaw Kyaw Bo အမည်ရိုက်ပြီးတော့ ၂၀၂၅/ ၂၀၂၆ ဘောလုံးရာသီအတွက် တရားဝင်ပရိသတ်တစ်ယောက်အနေနဲ့ Facebook, YouTube, TikTok စတဲ့ Social Media တွေကတစ်ဆင့် တရားဝင်ကြေငြာပေးခြင်း၊ ဘောလုံးရာသီတလျှောက်လုံး အပတ်စဉ် လေလံအောင်တဲ့ အသင်းရဲ့ ဘောလုံး ပွဲစဉ်တိုင်းမှာ ပွဲမစတင်မှီအားပေးတဲ့ Facebook Post တင်ပေးခြင်း၊ ဥပမာ – Go Go MU/Manchester United , We Are Gunner/Arsenal , London Is Blue/Chelsea … စသလို ပြိုင်ပွဲမှာ မိမိအသင်းအနိုင်ရရင် ဂုဏ်ပြုတဲ့ Post တင်ပေးပြီးတော့ ရှုံးနိမ့်ခဲ့ပါက စိတ်မကောင်းတဲ့ Post တွေတင်ပေးခြင်း၊ ဘောလုံးရာသီ လေလံအောင်တဲ့ အသင်းရဲ့ အကြောင်းအရာတွေကလွဲပြီး တခြား အသင်းတွေရဲ့ အကြောင်းကို Social Media မှာ ရေးသားခြင်း၊ မျှဝေခြင်း မပြလုပ်တာ၊ ဘောလုံးရာသီအတွင်း တစ်လကို တစ်ကြိမ် လေလံအောင်တဲ့အသင်းရဲ့ Logo ပါတဲ့ ဂျာစီ(သို့)အင်္ကျီနဲ့ အလှဓာတ်ပုံရိုက်ပြီး Facebook စာမျက်နှာမှာ ဂုဏ်ပြုပေးခြင်း၊ လေလံအောင်တဲ့ အသင်းရဲ့ ပရိသတ်အဖြစ် သတ်မှတ်ကာလအတွင်း ဒီအသင်းကိုအားပေးရာမှာ အပေါ်ယံဟန်ဆောင်အားပေးတာမျိုး မဟုတ်ဘဲ၊ အသင်းနဲ့ တစ်သွေးတစ်သားတည်း စိတ်လိုက်မာန်ပါအားပေးခြင်း၊ လေလံအောင်တဲ့ အသင်းပရိသတ်တစ်ယောက်အဖြစ်နဲ့ အသင်းအားပေးသူ ပရိသတ်(သတ်မှတ်အရည်အတွက်)တွေနဲ့ အတူအသင်းကန်မယ့် ပွဲကြီးပွဲကောင်း ၂ ပွဲတိတိကို သတ်မှတ်ထားသောနေရာမှာ Live ကြည့်ရှုအားပေးမယ်လို့ သိရပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို
ငလျင်ဘေးကြောင့် ပြိုကျတဲ့ အင်းလေးဒေသအတွက် အိမ်တစ်လုံးစာအလှူငွေရဖို့ လီဗာပူးဖန်အဖြစ်ကနေ တစ်နှစ်အသင်းပြောင်းလဲအားပေးမှုအတွက် ကိုယ့်ကိုယ်ကိုယ် လေလံတင်ပြီး ကျပ်သိန်း ၅၀ ရှာဖွေနေတဲ့ ကျော်ကျော်ဗို

“ကျွန်တော့် လေလံရဲ့ ရည်မှန်းချက်က ငလျင်ဒဏ်သင့်အင်းလေးဒေသမှာ ပြန်လည်တည်ဆောက် လှူဒါန်းမယ့် အိမ်တစ်လုံးအတွက် သတ်မှတ်စျေးငွေ ကျပ် သိန်း ၅၀ (၅,၀၀၀,၀၀၀) မှာကျွန်တော် မျှော်မှန်းတဲ့ လေလံအောင် စျေးဖြစ်ပါတယ်။ ဒီစျေနှုန်းအတိုင်း လေလံအောင်ခဲ့ရင် လေလံအောင်တဲ့ ငွေကြေးကို အင်းလေး ငလျင်ဘေး အိမ်အလှုအတွက် အိမ်တစ်လုံးဆောက်လုပ်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ အလှူရှင်အမည်နဲ့ လေလံအောင် အသင်းပရိသတ်တွေက ဆောက်လုပ်လှူဒါန်းလို့ ရေးထိုးပေးသွားမှာပါ။ အားလုံးစိတ်ပန်းလူပန်း ဖြစ်နေရချိန်မှာ ဒီလေလံပွဲလေးကြောင့် ခဏတာအတွက် ဖျော်ဖြေမှုလေးတခုဖြစ်ခဲ့တယ်ဆိုရင်ပဲ ကျွန်တော် ကုသိုလ်ရပါပြီ”လို့ သူကဆက်ပြောပါတယ်။

လေလံစည်းကမ်းချက်တွေအနေနဲ့ လေလံကြမ်းခင်းစျေးမှာ ငွေကျပ် ၁၀၀,၀၀၀ ကနေစမှာဖြစ်ပြီး လေလံဆွဲရာမှာ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အသင်းအဖွဲ့နဲ့ဖြစ်စေပါဝင်နိုင်ခြင်း၊ လေလံစျေး ပေးရာမှာ တစ်ကြိမ်တိုး အနည်းဆုံးငွေကျပ် ၁၀,၀၀၀နှုန်းနဲ့ စျေးပေးခြင်း၊ လေလံစျေးပေးတဲ့ Post ရဲ့ Comment မှာ ပွင့်လင်း မြင်သာစွာနဲ့ စျေးပေးခြင်း ဥပမာ – Man U က ၁၀၀,၀၀၀/ လေလံပိတ်ချိန်က အမြင့်ဆုံးလေလံစျေးမှာ ငွေကျပ် သိန်း ၂၀ အောက်ဆိုရင်တော့ လေလံပွဲပျက်မှာ ဖြစ်ပြီး ငွေကျပ်သိန်း ၂၀ နဲ့ လေလံအောင်တယ်ဆိုရင် ၄ လ၊ ငွေကျပ်သိန်း ၄၀ ဆိုရင် ၈ လ၊ ငွေကျပ်သိန်း ၅၀ဆိုရင် ၁၂ လတိတိ၊ ၂၀၂၅/ ၂၀၂၆ ဘောလုံးရာသီအတွက် လေလံအောင်မြင်တဲ့ အ သင်းရဲ့ ပရိသတ်တစ်ယောက်အဖြစ်တွေ့မြင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

မျှော်မှန်းတဲ့ ငွေကျပ် သိန်း ၅၀ (၅,၀၀၀,၀၀၀) မပြည့်မီခဲ့ရင်တော့ ရရှိတဲ့ လေလံအောင်စျေးနဲ့ အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် အလုံးစုံပါဝင်လှုဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ- CRD

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...