Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်းအရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား

ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်း အရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား

International News
ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်း အရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်းအရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား
ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်းအရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား

ဧပြီ ၁၄ ရက်တွင်တရုတ်သမ္မတရှီကျင့်ဖျင်၏ အရှေ့တောင်အာရှ သံတမန်ခရီးစဉ်ကို စတင်ခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏နောက်ဆုံးအခွန်စည်းကြပ်မှုများကဲ့သို့မဟုတ်ဘဲတည်ငြိမ်မှုအတွက် တရုတ်နိုင်ငံကတွန်းအားတစ်ခုအဖြစ်ပြသကာ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူမရှိကြောင်း၎င်းကပြောကြားသည်။
နိုင်ငံများအားအခွန်စည်းကြပ်မှုအချို့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က ခေတ္တရပ်ဆိုင်းထားသော်လည်း ကမ္ဘာ့ဒု တိယစီးပွားရေးအင်အားကြီးတရုတ်နိုင်ငံအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းချမှတ်ထားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်းအရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား
ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူ မရှိကြောင်းအရှေ့တောင်အာရှခရီးစဉ်အတွင်းရှီကျင့်ဖျင်ပြောကြား

ဗီယက်နမ်နှင့် တရုတ်တရားဝင်မီဒီယာများတွင် ပူးတွဲဖော်ပြသော အယ်ဒီတာ့အာဘော်တွင် “ကုန်သွယ်ရေးစစ်ပွဲ၊ သို့ မဟုတ် အကောက်ခွန်စစ်ပွဲတွင် အနိုင်သူမရှိ” ဟု သမ္မတရှီက ရေးသားခဲ့သည်။

” နိုင်ငံစုံကုန်သွယ်မှုစနစ်၊ တည်ငြိမ်သောကမ္ဘာ့စက်မှုလုပ် ငန်း၊ ထောက်ပံ့ရေးကွင်းဆက်များနဲ့ ပွင့်လင်းပြီး ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာပတ်ဝန်းကျင်ကို ကျွန်တော်တို့နှစ်နိုင်ငံက ပြတ်ပြတ်သားသားကာကွယ်သင့်ပါတယ်။”ဟုရှီကဆိုသည်။
၎င်း၏ ခရီးစဉ်ကို အစောပိုင်းကတည်းက စီစဉ်ထားခြင်းဖြစ်သော်လည်း တရုတ်နှင့် အမေရိကန်တို့ကြား အခွန် စည်း ကြပ်မှု တိုက်ပွဲကြောင့် အထင်အရှားထွက်ပေါ်လာခြင်းဖြစ် သည်။

အဆိုပါခရီးစဉ်သည် ၎င်း၏မဟာမိတ်များကို ထိန်းသိမ်းရန်နှင့် တရုတ်ပို့ကုန်များအပေါ် အမေရိကန်က ချမှတ်ထားသည့် မြင့်မားသော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးအ တွက် အဖြေရှာရန်ပေကျင်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်ခြင်းဖြစ်သည်။ခရီးစဉ်အတွင်း ရှီကျင့်ဖျင်ကဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေ ထွေအတွင်းရေးမှူး တိုလမ် နှင့်လည်း ဟနွိုင်း မြို့ တော်၌တွေ့ဆုံခဲ့သည်။

“လက်ရှိကမ္ဘာ့အခြေအနေမှာ မငြိမ်မသက်မှုတွေနဲ့ အနှောက်အယှက်တွေ ကြုံရချိန်မှာတော့ တရုတ်နဲ့ ဗီယက်နမ်တို့ရဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်ပြုမှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာပြီးကမ္ဘာကြီးကို တန်ဖိုးကြီးတဲ့ တည်ငြိမ်မှုနဲ့ သေချာမှုတွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းကဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင့် နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်ဘက်နားလည်မှုစာချွန်လွှာများအား ဆက် တိုက် ရေး ထိုးခဲ့ကြသော်လည်း အသေးစိတ် အချက် အ လက်များကို အတိအလင်းထုတ်ပြန်ခြင်း မရှိပေ။

တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံကို ချိတ်ဆက်မည့် ဒေါ်လာ ၈ ဘီလီယံပမာဏရှိ ရထားလမ်းစီမံကိန်းကို ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့ပြီးဖြစ်ကာ အရှိန်မြှင့်ဆောင်ရွက်မည်ဟု ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Nhan Dan ကဖော်ပြသည်။
ဗီယက်နမ်သည် အမေရိကန်နှင့် တရုတ်တို့အကြားဆက်ဆံရေး ဟန်ချက်ညီရန် လုပ်ဆောင်ရာတွင် အတွေ့အကြုံရှိသည့်နိုင်ငံဖြစ်ပြီးတရုတ်ကဲ့သို့ တစ်ပါတီကွန်မြူနစ်စနစ်အောက်တွင် လည်ပတ် နေသော်လည်း အမေရိကန်နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိထားသည်။

ဗီယက်နမ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နှင့် တရုတ်သမ္မတရှီကျင့်ဖျင် တို့နှစ်ဦးစလုံးကို ၂၀၂၃ခုနှစ်အတွင်းလက်ခံတွေ့ဆုံခဲ့သည့် တစ်ခုတည်းသောနိုင်ငံလည်းဖြစ်ပြီး ထိုနှစ်တွင် တရုတ်နှင့် ရုရှားတို့ကဲ့သို့ အမေရိကန်နှင့်လည်း သံတမန်ရေးအမြင့်ဆုံး အဆင့်သို့မြှင့်တင်နိုင်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည်ဗီယက်နမ်ခရီးစဉ်ပြီးနောက်အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်မလေးရှားနှင့်ကမ္ဘောဒီးယားတို့သို့ဆက်လက်သွားရောက်မည်ဖြစ်သည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...