ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်မှ ဒေါ်လာ ခုနစ်သန်း ထပ်မံထောက်ပံ့မည်

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်နိုင်ငံမှ ထပ်တိုးရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၇သန်း ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့(ဧပြီ ၅ ရက်) တွင်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများမှတဆင့် အမေရိကန် ဒေါ်လာနှစ်သန်းအထိ ကူညီပေးသွားမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမေရိကန်ဒေါ်လာ နှစ်သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် အထောက်အပံ့များမှ တဆင့် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင်လိုအပ်ချက်များအတွက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်နိုင်ငံမှ ရပ်တည်လျက်ရှိကြောင်း၊အသက်ဆုံးရှုံးမှုများ နှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း ကိုလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဗြိတိန်နိုင်ငံမှ စတာလင်ပေါင် ၁၀ သန်းထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးမှထုတ်ပြန်ခဲ့သလို ဩစတေးလျအစိုးရမှလည်း မြန်မာနိုင်ငံတွင်လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဒေါ်လာနှစ်သန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC မှတစ်ဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရကလည်း အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ်သန်း ၁၀၀ ပံ့ပိုးကူညီရန်ဆုံးဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာသံရုံးအသီးသီးကထုတ်ပြန်ထားသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ