စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့က မြန်မာ့ငလျင်၌ Cyborg ပိုးဟပ် ၁၀ ကောင် အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်

စင်ကာပူကယ်ဆယ်ရေးအဖွဲ့က မြန်မာ့ငလျင်၌ Cyborg ပိုးဟပ် ၁၀ ကောင်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု စင်ကာပူအခြေစိုက် The Straits Times သတင်းတွင် ဖော်ပြသည်။

အဆိုပါ ပိုးဟပ် ၁၀ ကောင်မှာ မြန်မာ့ငလျင် ကယ်ဆယ်ရေးအတွက် စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့(SCDF) ၏ Lion Heart အမည်ရှိ စစ်ဆင်ရေးတွင် မတ် ၃၀ ရက်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်သည်။

ကျောဘက်တွင် အီလက်ထရောနစ်ခြေရာခံစနစ်များတပ်ဆင်ထားသည့် ဟိုးဟပ်များကို အသုံးပြုမှုမှာ ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းလည်း ဖြစ်သည်။ Cyborg ပိုးဟပ်ဟု ခေါ်ဆိုသည့် ပိုးဟပ်များကို နန်ယန်နည်းပညာတက္ကသိုလ်၊ Klass Engineering and Solutions တို့နှင့်အတူ Home Team Science and Technology Agency (HTX) က တီထွင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ ပိုးဟပ်များကို အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခြင်းကို ဧပြီ ၃ ရက်တွင် နေပြည်တော်တွင် နှစ်ကြိမ်သုံးစွဲခဲ့သည်ဟု သတင်းက ဖော်ပြသည်။
မြန်မာ့ငလျင်အတွက် စင်ကာပူနိုင်ငံမှ ရောက်ရှိလာသည့် SCDF အဖွဲ့တွင် အင်အား ၈၀ ဦး၊ ရှာဖွေရေးခွေးလေးကောင်နှင့်အတူ ပိုးဟပ် ၁၀ ကောင်လည်း ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံသို့ မတ် ၂၉ ရက်က စေလွှတ်ခဲ့ရာ ယင်းအဖွဲ့တွင် HTX အဖွဲ့မှ အင်ဂျင်နီယာများလည်း ပါဝင်ခဲ့သည်။
အရှည် ခြောက်စင်တီမီတာရှိသည့် မာဒါဂတ်စကာ ပိုးဟတ်များတွင် အနီအောက်ရောင်ခြည်ကင်မရာများနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး ၎င်းတို့ကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားစဉ် အပျက်အစီးများအောက်ရှိ သေးငယ်သောနေရာများကို သွားလာနိုင်ကာ ပိုးဟပ်များကို လှုံ့ဆော်ရန်နှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် အီလက်ထရွန်းနစ် စနစ်များကို အသုံးပြုထားသည်။
ပိုးဟပ်များတွင် တပ်ဆင်ထားသည့် ကင်မရာများနှင့် အာရုံခံကိရိယာများမှတဆင့် စုဆောင်းရရှိသော အချက်အလက်များကို အခြေခံပြီး အသက်ရှင်ကျန်ရစ်သူ ရှိ မရှိကို ရှာဖွေနိုင်မည်ဟု ဆိုသည်။
ယင်းပိုးဟပ်များကို ၂၀၂၄ ခုနှစ် ဧပြီလတွင် စင်္ကာပူနိုင်ငံတွင်ပြုလုပ်သည့် Milipol Asia-Pacific TechX Summit တွင် ပြသခဲ့ပြီး ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် ဖြန့်ကျက် အသုံးပြုနိုင်ရန် စီစဉ်ထားသော်လည်း စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့(SCDF) ၏ မြန်မာ့ငလျင်ဘေးတွင် ကြိးပမ်းအားထုတ်မှုများတွင် ဖြည့်စွက်ရန် HTX က ကူညီခဲ့ခြင်းဖြစ်သည်။
ရေးသားသူ- Eleven Media Group
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ