Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

International News
ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ရောမကက်သလစ် ဂိုဏ်းရဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်မှာ ဒီမနက် အစောပိုင်းက ပျံတော်မူသွားခဲ့ပါတယ်။

လက်တင်အမေရိကက ပထမဆုံး တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။

ပုပ်ဖရန်စစ်ရဲ့ ဘ၀ တလျှောက်လုံး ဘုရားသခင်နဲ့ ကျောင်းတော်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ မြှုပ်နှံခဲ့ကြောင်း ဗာတီကန် နန်းတော်က ပြောပါတယ်။

ဒီည သူ့ရုပ်ကလာပ်ကို အခေါင်းသွင်းပြီးနောက် ဗုဒ္ဓဟူးနေ့ အစောဆုံးထားပြီး စိန့်ပီတာ ဘုရားကျောင်းကြီးကို ရွှေ့နိုင်ပါတယ်။

စျာပနကိုတော့ တပတ်အတွင်း ကျင်းပမှာပါ။

အာဂျင်တီးနားမှာ အီတာလျံ ရွှေ့ပြောင်း၀င်လာသူ မိဘကနေ ၁၉၃၆ က မွေးဖွားပြီးနောက် ယေဇူးအသင်း၀င် ဘုန်းကြီး ဖြစ်လာတဲ့ ဖရန်စစ်ဟာ ဗြူနိုအေးရိစ်မြို့ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး စဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားက ၀မ်းနည်းပူဆွေး

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ပုပ်ဖရန်စစ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး လုပ်ခဲ့တဲ့ ဗြူနိုအေးရိစ်မြို့က ကက်သီဒြယ် ဘုရားကျောင်းကြီးမှာလည်း ဒီမနက်အစောပိုင်းမှာ ၀တ်ပြုဆုတောင်းပေးခဲ့ကြပါတယ်။ နောက် အာဂျင်တီးနားသမ္မတက တနိုင်ငံလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ် တပတ်ကြေညာခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ ဆင်းရဲသားတွေအရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေးအတွက် အလေးပေးခဲ့တဲ့ လူသား၀ါဒီ ဖြစ်ကြောင်း မက္ကဆီကို သမ္မတက ပြောပါတယ်။

ကက်သလစ်ဘာသာ၀င်တွေ များပြားတဲ့ ဖိလစ်ပိုင်မှာလည်း သူ့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ပုပ် ဖရန်စစ်အတွက် အောက်မေ့တသစကား ပြောပါတယ်။

”ရဟန်းမင်းကြီးဟာ မျှော်လင့်ချက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိရှိသူဖြစ်ပါတယ်၊ စည်းလုံးညီညွတ်မှု တိုးပွားဖို့ ဆုတောင်းခြင်းကနေ လူတွေရဲ့ စိတ်ဒုက္ခ ခံစားရမှုအဖုံဖုံ လျော့ပါးသက်သာစေသူလည်း ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ရဟန်းမင်းကြီးဟာ ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခဲ့တာကိုလည်း ထည့်ပြောပါတယ်။

”ကျွန်တော်တို့ဟာ ပုပ်ဖရန်စစ်ကို ယုံကြည် ကိုးစားတဲ့ ကက်သလစ်နဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ထပ်တူ ဝမ်းနည်း ပူဆွေးရပါတယ်၊ ထာဝရ အမှတ်ရနေမှာပါ” လို့ ဇလန်းစကီးက ပြောပါတယ်။

မြန်မာပြည်က အနှစ် ၅ဝဝ ကက်သလစ် သာသနာ

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ခုလို ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေ အောက်မေ့ တသ ဝမ်းနည်းစကား ထုတ်ပြောလာကြချိန်မှာပဲ ရုရှားသမ္မတပူတင်ရဲ့ ကရင်မလင်နန်းတော်ကလည်း ရဟန်းမင်းကြီးသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြောလာပါတယ်။

သမ္မတပူတင်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ”လူသားဆန်မှုနဲ့ တရားမျှတမှု စံနှုန်းတွေကို အမြင့်ဆုံးကာကွယ်သူ” အဖြစ် အမှတ်ရကြောင်း ကရင်မလင်နန်းတော်က ပြောပါတယ်။

ဒါ့အပြင် သမ္မတပူတင်ဟာ ”ရဟန်းမင်းကြီးလို သာလွန်လူပုဂ္ဂိုလ်တဦးနဲ့ အကြိမ်ကြိမ် ပြောဆို တွေ့ဆုံနိုင်ခဲ့တာဟာလည်း အခွင့်အရေးတရပ်” အဖြစ် မှတ်ယူတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုရှားသမ္မတဟာ ”ရဟန်းမင်းကြီးနဲ့ အမှတ်တရ ဖြစ်ရပ်တွေကို အမြဲအမှတ်ရနေမှာပါ” လို့လည်း ကရင်မလင်က ပြောပါတယ်။

မြန်မာပြည်က ကက်သလစ် အငွေ့အသက်

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း ပုပ်ရဟန်းမင်းကြီး ပျံလွန်တော်မူလို့ရဟန်းမင်းကြီးကို ချစ်ကြတဲ့ ကမ္ဘာတဝန်းက ခရစ်ယာန် ဘာသာဝင် သန်းချီနဲ့ထပ်တူ စိတ်နှလုံးကြေကွဲရကြောင်း ပြောပါတယ်။

ဗန့်စ်ဟာ ရောမမြို့ကို သောကြာနေ့က ရောက်ခဲ့ပြီး စနေနေ့တုန်းက ဗာတီကန်က အရာရှိတွေနဲ့တွေ့ဆုံခဲ့သလို ရဟန်းမင်းကြီးနဲ့ ခဏတာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည်အတွက် ဆုတောင်းပေးသူ

အသက် ၈၈ နှစ်မှာ ပျံလွန်တော်မူတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအခြေအနေတွေကို အမြဲလိုလို မမေ့မလျော့ ထုတ်ဖော်ပြီး ငြိမ်းချမ်းဖို့အတွက် ဆုတောင်းတတ်သူဖြစ်ပါတယ်။

ဒါကြောင့်လည်း ပုပ်ရဟန်းမင်းကြီးကို မြန်မာ့အရေး မမေ့သူအဖြစ် မြန်မာလူထုက အမှတ်ရကြပါတယ်။

ဗာတီကန်မှာ တနင်္ဂနွေနေ့တိုင်း ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲတွေမှာ ကမ္ဘာ့အရေးကို ထည့်သွင်းပြောရင်း မြန်မာ့အရေးကိုလည်း မမေ့တဲ့သူဟာ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုတွေကို လျှော့ချဖို့၊ လက်နက်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်လို့ မရတဲ့အကြောင်းသတိပေးလေ့ရှိပါတယ်။

ဒါအပြင် ဒေါ် အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းလေ့ရှိပြီး နောက်ဆုံးပြောခဲ့တာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်တယ်လို့တောင် အာရှနိုင်ငံကို ကြွတဲ့သူ့ခရီးစဥ်အတွင်း စင်္ကာပူနိုင်ငံကို ရောက်ချိန် ထုတ်ပြောခဲ့ဖူးပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်ကြွခဲ့ပါတယ်။

ဒါကြောင့် ပုပ်ရဟန်းမင်းကြီးဟာ မြန်မာပြည်တွင်းက နှစ်ပေါင်း ၅၀၀ ကျော်လာတဲ့ ကက်သလစ် သာသနာအတွင်း မြန်မာကို ကိုယ်တိုင် ကြွရောက်တဲ့ ပထမဆုံး ရဟန်းမင်းကြီးလည်းဖြစ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်း ဖရန်စစ်က သူ့ရဲ့ ရုပ်ကလာပ်ကို အရင် ပုပ်ရဟန်းမင်းတွေလို ဗာတီကန်မှာ မမြှုပ်ဘဲ ရောမမြို့ထဲက ဆန်တာ မာရီယာ မာဂျော်ရေး ဘတ်ဆလီကာ ဘုရားကျောင်းကြီးမှာ မြှုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

အဲဒီဘုရားကျောင်းကြီးထဲမှာ ရွှေ့ပြောင်း၀င်လာသူ အများအပြား ၀င်ပြီး နေနေကြတာပါ။

နောက် အခေါင်းသုံးခေါင်းထဲမှာ အဆင့်ဆင့် ထည့်သွင်းမြှုပ်တဲ့ အစဉ်အလာကို မယူဘဲ သစ်သား၊ သွပ်တို့နဲ့ လုပ်ထားတဲ့ ရိုးရိုးအခေါင်းနဲ့ပဲ သူ့ကို မြှုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

သူ့ကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းသစ်ကို ရွေးပွဲကလည်း အနည်းဆုံး နောက် ၁၅ ရက်ထိ စမှာ မဟုတ်သေးပါဘူး။

အဲဒီမှာ ရဟန်းအမတ်ကြီး ၁၃၅ ယောက်က ပုပ်ရဟန်းမင်းသစ်ကို မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ပုပ် ဖရန်စစ်ဟာ လူငယ်တွေ အပေါ် လွှမ်းမိုးနိုင်ပြီး အင်မတန် တိုးတက်တဲ့ အမြင်ရှိကြောင်းလည်း ကမ္ဘာအရပ်ရပ်က ကျောင်းသားတွေက ပြောပါတယ်။

ရေးသားသူ-BBC Burmese

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...