Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ

ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ

International News
ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင်
ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ
ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သွင်းကုန်အခွန်စည်းကြပ်မှုများ ပြုလုပ်ထားသောနိုင်ငံနှင့် ဒေသများစာရင်းတွင် လူသူမနေဘဲ ပင်ဂွင်ငှက်များသာနေသော မီးတောင်ကျွန်းစုတစ်ခုလည်း ပါဝင်နေကြောင်းဧပြီ ၅ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။

ဟာ့ဒ်အိုင်းလန်းနှင့်မက်ဒေါ်နယ်ကျွန်းစုအမည်ရှိ အထက်ပါကျွန်းစုသည် အန္တာတိကဒေသအနီးတည်ရှိသော ဩစတြေးလျပိုင် ကျွန်းစုတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်၌ အခေါင်ဆုံးနေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ
ထရန့်၏ အခွန်စည်းကြပ်ခံနေရာများစာရင်းတွင် ပင်ဂွင်များသာရှိသော ကျွန်းစုတစ်ခုလည်းပါနေ

ဟာ့ဒ်အိုင်းလန်းနှင့် မက်ဒေါ်နယ်ကျွန်းစုသို့ ဩစတြေးလျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသ ပါ့သ်မြို့မှ ရေကြောင်းခရီးဖြင့် သွားရောက်လျှင် သီတင်းနှစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ယင်းကျွန်းပေါ်သို့ လူသားများနောက်ဆုံးရောက်ရှိချိန်မှာ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ဖြစ်သည်။

သို့ရာတွင်အမေရိကန်အစိုးရက ထုတ်ပြန်ထားသော သွင်းကုန်အခွန်စည်းကြပ်မှုများ ရင်ဆိုင်ရမည့်နေရာများစာရင်းတွင် ဟာ့ဒ်အိုင်းလန်းနှင့် မက်ဒေါ်နယ်ကျွန်းစုတို့လည်း ပါဝင်နေကြောင်း သိရသည်။

ယင်းကျွန်းစုဒေသသည်ဩစတြေးလျနိုင်ငံ၏ နယ်နိမိတ်ပြင်ပပိုင်နက် နယ်မြေများထဲတွင်ပါဝင်ရာ ယင်းကျွန်းစုကို သွင်းကုန်အခွန်စည်းကြပ်မှု ရင်ဆိုင် ရမည့်နေရာများစာရင်းတွင် အမေရိကန်အစိုးရက သီးခြားထည့်သွင်းထားခြင်းဖြစ်သည်။

ဟာ့ဒ်အိုင်းလန်းနှင့် မက်ဒေါ်နယ်ကျွန်းစု၌ လူသူနေထိုင်ခြင်းမရှိသလို အဆောက်အအုံများမရှိသော်လည်း ယင်းကျွန်းစုဝန်းကျင်တွင် ငါးဖမ်းလုပ်ငန်းများရှိကြောင်းသိရသည်။ ကမ္ဘာ့ဘဏ်အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုသည် ၂ဝ၂၂ ခုနှစ်တွင် ယင်းကျွန်းစုဒေသမှဒေါ်လာ ၁ ဒသမ ၄ သန်းတန်ဖိုးရှိ ထုတ်ကုန်များဝယ်ယူခဲ့သည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...