Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ

ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ

International News

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂ဝ၂၅ ဆုန်ခရန်ပွဲတော်ကာလတွင်မြို့တော်ဗန်ကောက်အပါအဝင် တစ်နိုင်ငံလုံးမှဝင်ငွေစုစုပေါင်း ဘတ် ၄ ဒသမ ၁ ဘီလီယံအထိရရှိခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ
ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ

ထိုင်းနိုင်ငံတွင် ၂ဝ၂၅ ခုနှစ်ဆုန်ခရန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိကျင်းပခဲ့ရာ နိုင်ငံတွင်း၌လည်ပတ်သူ ၁ ဒသမ ၁ သန်းရှိခဲ့ကြောင်းနှင့် ယင်းအထဲမှ ၉ဝ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းလုပ်သားများအပါအဝင် ထိုင်းနိုင်ငံအတွင်းမှာပင်နေထိုင်သူများ ဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(Tou-rism Authority of Thailand-TAT)၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုခဲ့သည်ကို ကိုးကားပြီး ဗန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ဆုန်ခရန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၁၆ ရက်အတွင်း နိုင်ငံခြားသားဝင်ရောက်မှုမှာ ၄၂၁၃၉၄ ဦး ရှိခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်းမှဝင်ငွေ ဘတ် ၆ ဒသမ ၄၅ ဘီလီယံ ရရှိခဲ့ကြောင်း၊ ယင်းကာလအတွင်း ထိုင်းနိုင်ငံသို့ အများဆုံးလာရောက်ခဲ့သည့် နိုင်ငံများကိုကြည့်မည်ဆိုလျှင် ဥရောပနိုင်ငံများမှ ၄၂ ရာခိုင်နှုန်း၊ သမုဒ္ဒရာပိုင်းဇုန်နိုင်ငံများမှ ၂၉ ရာခိုင်နှုန်း၊ တောင်အာရှနိုင်ငံများမှ ၂၂ ရာခိုင်နှုန်းနှင့် အမေရိကန်ပြည်ထောင်စုမှ ၁၃ ရာခိုင်နှုန်း တို့ ဖြစ်ကြောင်း သတင်းတွင်ဆက်လက်ဖော်ပြထားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ
ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ

အဆိုပါ ဆုန်ခရန်ပွဲတော်သို့ နိုင်ငံခြားသားဝင်ရောက်မှုနှင့်ဝင်ငွေ ရရှိမှုမှာ ယမန်နှစ်ကထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။
အများစုသည် ဗန်ကောက်မြို့သို့ လာရောက်လည်ပတ်သူများ ဖြစ်ကြောင်း သိရသည်။

ရေးသားသူ-The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...