ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ကက်သလစ်သာသနာရဲ့ ၂၆၆ ပါးမြောက် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ ဧပြီ ၂၁ ရက် ဗာတီကန်က သူ့ရဲ့နန်းတော်မှာပဲ ကွယ်လွန်သွားပြီလို့ ဗာတီကန်က သတင်းထုတ်ပြန်ပါတယ်။
သူဟာ (နမိုးနီးယား)အဆုတ်ရောင်ရောဂါပိုး အဆုတ် ၂ဖက်စလုံးမှာ ကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူဖို့ နားနားနေနေနေထိုင်တုန်း အသက် ၈၈ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဆေးရုံတစ်ကြိမ် တက်ခဲ့ရပြီး မိနစ်ပိုင်းအကြာမှာပဲ ဆေးရုံကနေ ပြန်ဆင်းခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ဗာတီကန်နန်းတော်မှာပဲ နားနားနေနေနေဖို့ အကြံပြုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ် သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ် ဝန်းကျင်ရှိပါပြီ။
သူဟာ အသက် ၂၁ နှစ်အရွယ်မှာ အဆုတ်ရဲ့အစိတ်အပိုင်းအချို့ကို ဖယ်ရှားကုသခဲ့ရတာကြောင့် ကူးစက်ရောဂါဒဏ်ကို ပိုခံစားရစေပါတယ်။
ရေးသားသူ- BBC Burmese
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ