Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မတ်လတွင် ကမ္ဘာ့အပူချိန်များ သမိုင်းဝင်အမြင့်ဆုံးနီးပါး‌ ရောက်ရှိခဲ့ကြောင်း အီးယူရာသီဥတုပညာရှင်များ ပြောကြား

မတ်လတွင် ကမ္ဘာ့အပူချိန်များ သမိုင်းဝင်အမြင့်ဆုံးနီးပါး‌ ရောက်ရှိခဲ့ကြောင်း အီးယူရာသီဥတုပညာရှင်များ ပြောကြား

International News

ကမ္ဘာ့အပူချိန်များသည် မတ်လတွင် သမိုင်းဝင် အမြင့်ဆုံးနီးပါးရောက်ရှိခဲ့ကြောင်း ဥရောပ၏ ရာသီ ဥတု စောင့်ကြည့်ရေးဌာနက ယနေ့တွင် ပြောကြားခဲ့ပြီး သိပ္ပံပညာဆိုင်ရာ မျှော်လင့်ချက်များအား စမ်းသပ်နေသော ဆက်တိုက်အပူချိန်မြင့်မားနေမှုကို ပို၍ ရှည်ကြာစေခဲ့ကြောင်း သိရသည်။

ယခုနှစ်မတ်လသည် ယခင် ဥရောပတွင် မှတ်တမ်းတင်ထားသမျှ အပူဆုံးမတ် လများ ထက် အပူချိန်များစွာ ပိုမိုမြင့်မားခဲ့ကြောင်း ကိုပါနီးကပ်စ်ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးဌာန က ပြောကြားသည်။

ယင်းအပူချိန်များကြောင့် အခြားတိုက်ကြီးများထက် ပိုမိုလျင်မြန်စွာ ပူနွေးလာသော ဥရောပတိုက်တွင် အစွန်းရောက် မိုးရွာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအတောအတွင်း ကမ္ဘာတစ်ဝန်းမတ်လ အပူချိန်သည် မှတ်တမ်းတင်ထားသ မျှတွင်ဒုတိယ အပူ ပြင်း ဆုံးဖြစ်ကြောင်း ကိုပါနီးကပ်စ်စင်တာ အချက်အလက်များက ပြသနေရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ‌နောက်ပိုင်း က တည်း က ဆက်တိုက်ဖြစ်ပေါ်နေသော စံချိန်ချိုးသော သို့မဟုတ် စံချိန်ချိုးလုနီးပါး ပူပြင်းမှုများကို ဆက်ထိန်းထားသည်။

ထိုအချိန်မှ စ၍ လစဉ်လတိုင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့အပူချိန်သည် ကျောက် မီးသွေး ၊ ရေနံ နှင့် ဓာတ်ငွေ့များကို လူသားမျိုးနွယ်က အမြောက်အမြား စတင်အသုံးပြုလာခဲ့ကြသည့် စက်မှုတော်လှန်‌‌ရေး မတိုင်မီက ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့အပူချိန်များထက် အနည်းဆုံး ၁ ဒဿမ ၅ ဆဲလ်စီးယစ် ပိုမိုပူပြင်းခဲ့သည်။

မတ်လအပူချိန်သည် စက်မှုခေတ်မတိုင်မီကာလကထက် ၁ ဒသမ ၆ ဆဲလ်စီးယပ်စ် ပိုများခဲ့ရာ သိပ္ပံပညာရှင်များကိုယ်တိုင် အပြည့်အဝ ရှင်းပြရန်ကြိုးစားနေရဆဲ ဖြစ်သော အစွန်းရောက်ပူပြင်းမှုကို ဆက်လက်ရှည်ကြာစေခဲ့သည်။

“ကျွန်မတို့က စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၆ ရာခိုင်နှုန်း ပိုများနေဆဲဆိုတာက တစ်ကယ့်ကို ထူးခြားပါတယ်။” ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဂရန်သမ်အင်စတီကျူဒ် နှင့် လန်ဒန်မြို့ အင်ပီရီရယ်ကောလိပ် သဘာဝပတ်ဝန်းကျင်ဌာန မှ ပညာရှင် ဖရိုက်ဒရစ်အော့တို က ဆိုပါသည်။

“ ကျွန်မတို့က လူတွေရဲ့ ပယောဂကြောင့်ဖြစ်ပေါ်တဲ့ ရာသီဥတုပြောင်းလဲမှုထဲမှာ ဆုပ်ကိုင်မိနေပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ကမ္ဘာကြီးသည် ၁ ဒီဂရီ ဆဲလ်စီးယစ် ၏ ဆယ်ပုံ ပုံ တစ်ပုံ ပိုပြီး ပူးနွေးလာတိုင်း အပူလှိုင်းများကျရောက်ခြင်း ၊ မိုးသည်းထန်စွာရွာခြင်း ၊ မိုးခေါင်ရေရှားမှုဖြစ်ခြင်း စသော အစွန်းရောက်ရာသီဥတုဖြစ်ရပ်များ ပိုမိုပြင်းထန်လာကာ အကြိမ်ရေလည်း ပိုစိပ်လာတတ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားကြသည်။
လက်ရှိကာလသည် ကမ္ဘာကြီးအတွက် လွန်ခဲ့သော နှစ်ပေါင်း ၁၂၅ ၀၀၀ နှစ်အတွင်း အပူပြင်းဆုံးဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...