Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်

မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်

International News
မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်
မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်

မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးပေးမည်ဖြစ်ကြောင်း ယနေ့ (ဧပြီ ၇ ရက်)ညနေပိုင်းတွင် အသိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါယူရို ဆယ်သန်းအားပြီးခဲ့သည့် မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဥရောပကော်မရှင်သည် ထပ်ဆောင်းပံ့ပိုးခြင်းဖြစ်ကြောင်း၊ မြန်မာငလျင်အတွက် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလျာထားချက် ယူရို ၄၆ သန်း ၏ တစိတ်တဒေသဖြစ်ကြောင်းသိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်
မြေငလျင်ကယ်ဆယ်ရေးအတွက် ဥရောပသမဂွမှ ယူရို ဆယ်သန်း ထပ်ဆောင်းပံ့ပိုးမည်

ယင်းရန်ပုံငွေဖြင့် အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့် နှင့် မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုများ အစရှိသည်တို့အတွက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဥရောပသမဂ္ဂသည် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ငလျင်အပြီးတွင် မြန်မာနိုင်ငံသားများနှင့် တစ်သားတည်းဆက်လက်ရပ်တည်လျက်ရှိပါသည်။ငလျင်ဒဏ်သင့် လိုအပ်နေသောသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိနိုင်စေရန် ဦးစားပေးကာ သေချာဆောင်ရွက်နေပါသည်။ အသက်ကယ်အကူအညီအထောက်အပံ့များကို ဘေးကင်းစွာဖြင့် ထိထိရောက်ရောက်ပေးနိုင်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အတားအဆီးမရှိဝင်ရောက်ထောက်ပံ့ခွင့်ပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအား ထပ်မံတိုက်တွန်းလိုက်ပါသည်”ဟု ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ် စီမံခန့်ခွဲမှုနှင့် ညီမျှခြင်းရေးရာဥရောပကော်မရှင်နာ “ဟာဂျာလာဘစ်” ကထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဥရောပနိုင်ငံသား ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သည့်အဖွဲ့ နှင့် အီးယူမှ ဆက်သွယ်ရေးအရာရှိနှစ်ဦးတို့သည် လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့များနှင့် လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ အီးယူသည် ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ကိုပင်ဟေဂင်မှ ရန်ကုန်သို့ အီးယူပိုင်အရေးကြီးသောပစ္စည်း ၈၀ တန်ကို သယ်ဆောင်လာခဲ့ပြီး UNICEF မှ မြေပြင်တွင် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ဘေးကင်းလုံခြုံစွာနှင့် ကန့်သတ်မှုမရှိဝင်ရောက်နိုင်ရေးကို အာမခံချက်ဖြင့်အဓိကဦးစားပေးရမည်ဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့် အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝလေးစားလိုက်နာရန် နှင့် ပြည်သူများနှင့် အကူအညီပေးသူများကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံးကို ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...