သမ္မတရွေးကောက်ပွဲသစ်ကျင်းပမည့်နေ့ တောင်ကိုရီးယား အတည်ပြု

ယခုနှစ် ဇွန် ၃ ရက်တွင် သမ္မတရွေးကောက်ပွဲသစ် ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒက်ဆိုးက တရားဝင်အတည်ပြုခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရေးအတွက် နိုင်ငံရေးခေါင်းဆောင်များ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြဋ္ဌာန်းရန်ကြိုးပမ်းမှုဖြင့် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုခံထားရသော သမ္မတ ယွန်းဆွတ်ယိုးကို တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရာထူးမှဖယ်ရှားခဲ့သည်။
တောင်ကိုရီးယားဥပဒေများအရ သမ္မတတစ်ဦးကွယ်လွန်ခဲ့လျှင် သို့မဟုတ် ရာထူးမှဖယ်ရှားခံခဲ့ရလျှင် ရက်ပေါင်း ၆ဝ အတွင်း သမ္မတရွေးကောက်ပွဲသစ် ကျင်းပပေးရမည်ဖြစ်သည်။

(၂၁) ကြိမ်မြောက် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကိုလာမည့် ဇွန် ၃ ရက်တွင် ကျင်းပရန်အစိုးရအဖွဲ့က ရည်ရွယ်ထားကြောင်း ယာယီသမ္မတ ဟန်ဒက်ဆိုးက ဧပြီ ၈ ရက် အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုပြောကြားခဲ့သည်။
ဇွန် ၃ ရက် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အတိုက် အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်၊ သမ္မတ ဟောင်းယွန်းဆွတ်ယိုး၏ အလုပ်သမားဝန်ကြီး ကင်မွန်ဆိုးနှင့် ပြည်သူ့အာဏာပါတီ(ပီပီပီ)လွှတ်တော်အမတ်အန်းချိုဆိုးတို့ အဓိကပြိုင်ဘက်များအဖြစ် ယှဉ်ပြိုင်ကြရဖွယ်ရှိသည်။ ပြည်သူ့အာဏာပါတီသည်သမ္မတဟောင်းယွန်းဆွတ်ယိုးဦးဆောင်ခဲ့သော ပါတီဖြစ်သည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ