Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အချိန်အခါမဟုတ်မိုးသည်းထန်မှုကြောင့် အိန္ဒိယနှင့်နီပေါတွင် လူ ၁၀၀ ကျော် သေဆုံး

အချိန်အခါမဟုတ်မိုးသည်းထန်မှုကြောင့် အိန္ဒိယနှင့်နီပေါတွင် လူ ၁၀၀ ကျော် သေဆုံး

International News

အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ မှစ၍ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားပြီးဒေသတွင်း၌ မိုးပိုလာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံ၊ဘီဟာပြည်နယ်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်စဉ်များကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးခဲ့ကြောင်း အရှေ့ပိုင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။

ထို့ပြင်အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဥတာပရာဒက်ရှ် တွင်လည်း မိုးကြိုးပစ်ခြင်းနှင့် မုန်တိုင်းဆက်စပ်သည့် ဖြစ်စဉ်များကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အလားတူအိမ်နီးချင်း နီပေါနိုင်ငံတွင် မိုးကြိုးပစ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် အာဏာပိုင်အဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အချိန်အခါမဟုတ်မိုးသည်းထန်မှုကြောင့် အိန္ဒိယနှင့်နီပေါတွင် လူ ၁၀၀ ကျော် သေဆုံး
အချိန်အခါမဟုတ်မိုးသည်းထန်မှုကြောင့် အိန္ဒိယနှင့်နီပေါတွင် လူ ၁၀၀ ကျော် သေဆုံး

အများအားဖြင့်ဇွန်လတွင်မှ မုတ်သုံရာသီ စတင်လေ့ရှိသော်လည်း နိုင်ငံအနောက်ဘက်ခြမ်းနှင့် အလယ်ပိုင်းတို့တွင် အပူလှိုင်းအခြေအနေများနှင့် မိုးကြိုးမုန်တိုင်းများနှင့်အတူ ရာသီဥတုအန္တရာယ်မျိုးစုံရင်ဆိုင်ရနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က ဗုဒ္ဓဟူးနေ့တွင် သတိပေးထားသည်။

ထို့ပြင်အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လာမည့်တနင်္လာနေ့အထိ မိုးကြိုးမုန်တိုင်းများ၊ မိုးကြိုးများနှင့် လေပြင်းတိုက်ခတ်မှုများနှင့်အတူ မိုးပိုလာမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယမိုးလေဝသဌာနကခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံ ၌မကြာသေးမီနွေရာသီလများတွင် ပြင်းထန်သော အပူလှိုင်းများကြောင့် လူအများအပြား သေဆုံးခဲ့ရသေးသည်။

ထို့ပြင်အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ပုံမှန်အပူချိန်ထက် ပိုမိုပူပြင်းသော ဧပြီလကို တွေ့ကြုံရမည်ဟု နိုင်ငံပိုင် မိုးလေဝသဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားထားသည်။

ရေးသားသူ-The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...