အမေရိကန်နိုင်ငံတစ်ဝန်းတွင် သမ္မတဒေါ်နယ်ထရန့်အားလူထောင်ပေါင်းများစွာဆန္ဒပြ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ၎င်း၏ ဘီလျံနာမဟာမိတ် အီလွန်မာ့စ်တို့က အစိုးရအဖွဲ့အား အောက်ခြေသိမ်းပြုပြင်ပြောင်းလဲရန်နှင့် သမ္မတအာဏာပါဝါများအား ချဲ့ထွင်ရန် ကြိုးပမ်းမှုများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးအား ဆန့်ကျင်၍ အမေရိကန်နိုင်ငံ၌ တစ်နေ့တာအတွင်း အ ကြီးမားဆုံးဖြစ်နိုင်သော ဆန္ဒပြပွဲ ၁၄၀၀ ခန့်တွင် လူထောင် ပေါင်းများစွာ ပါဝင်ချီတက်ခဲ့ကြပြီး မြို့တော် ဝါရှင်တန်တွင်လည်း ကြီးမားသော လူအုပ်ကြီး စုရုံးခဲ့ကြသည်။

မိုးဖွဲဖွဲရာသွန်းနေပြီး တိမ်ထူထပ်သော ယမန်နေ့က ဝါရှင်တန်မြို့ ဆန္ဒပြပွဲတွင် ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်မြက်ခင်းပြင် တစ်လျှောက်တွင် လူပေါင်းများစွာ စုရုံးခဲ့ကြပြီး ယင်းဆန္ဒပြပွဲသို့ လူပေါင်းနှစ်သောင်းတက်ရောက်မည်ဟုမျှော်လင့်ထားကြောင်းစည်းရုံးလှုပ်ရှားသူများက ပြောကြားသည်။

ဆန္ဒပြပွဲသို့ တက်ကြွလှုပ်ရှားသူများ အဖွဲ့ပေါင်း ၁၅၀ ပါဝင် ဆင်နွှဲကြမည်ဟု စာရင်းပေးထားကြောင်း ဆန္ဒပြပွဲ ဝက်ဘ်ဆိုက်က ဖော်ပြပြီး ယင်းသို့ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅၀ စလုံးအပြင် ကနေဒါနှင့် မက္ကဆီကို တို့တွင်လည်း ကျင်းပရန် စီစဉ်ထားသည်။

လူဝင်မှုကြီးကြပ်ရေးမှသည် အီလွန်မာ့စ်၏ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန လုပ်ငန်းများ ၊ ယခုသီတင်းပတ်တွင် ချမှတ်ခဲ့သည့် အခွန်အကောက်များ နှင့် ပညာရေးကဏ္ဍအထိ ဒေါ်နယ်ထရန့်၏ မူဝါဒအားလုံးကို ကန့်ကွက်ရန်ဝါရှင်တန်သို့ ကားမောင်းလာ၍ ဆန္ဒပြခြင်းဖြစ်ကြောင်း နယူးဂျာစီမြို့တွင် နေထိုင်သည့် ပရင့်စတန်တက္ကသိုလ်မှ အငြိမ်းစားဇီဝဆေးပညာ သိပ္ပွံပညာရှင် တယ်ရီကလိန်း က ပြောကြားသည်။
“ ကျွန်မတို့ တစ်နိုင်ငံလုံး တိုက်ခိုက်ခံနေရတယ်။ အမေရိကန်ရယ်လို့ ရပ်တည်နေတဲ့ အရာအားလုံး ၊ ကျွန်မတို့ရဲ့ တိုင်းပြည်ပြုအဖွဲ့အစည်းအားလုံး တိုက်ခိုက်ခံနေရတယ်။” ဟု မစ္စက် ကလိန်း က ဆက်ပြောသည်။

ဝါရှင်တန်မြို့ဆန္ဒပြပွဲ အခမ်းအနားတွင် လွှတ်တော်အမတ်အများအပြားလည်း တက်ရောက် စကားပြောခဲ့ကြပြီး မူဆိုလိုနီ၏ နိုင်ငံရေးလမ်းစဉ် နှင့် ဟားဘတ်ဟူးဗား ၏ စီးပွားရေးလမ်းစဉ်များကို ကျင့်သုံးနေသောသမ္မတလက် အောက်တွင် အနာဂတ်ရှိမည်မဟုတ်ကြောင်း မေရီလန်းပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျေမီရက်စကင် က ပြောကြားသည်။
“Hands Off ” ဟု အမည်ပေးထားသော ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝန်းမှ ပြည်နယ်မြို့တော်များ၊ ဖက်ဒရယ် အ ဆောက်အဦများ၊ လွှတ်တော်ရုံးများ ၊ လူမူဖူလုံရေးရုံးချုပ်များ ၊ ပန့်ခြံများ ၊ မြို့တော်ခန်းမများတွင် ကျင်းပခဲ့ကြပြီး စုစုပေါင်းဆန္ဒပြပွဲ ၁၄၀၀ ခန့်တွင် လူပေါင်း ၅၀၀ ၀၀၀ ခန့် ပါဝင် ဆင်နွှဲကြမည်ဟု စည်းရုံးသူများက ပြောကြားသည်။
ယခုသီတင်းပတ်အတွင်း အခွန်အကောက်အများအပြားချမှတ်ပြီး ဘဏ္ဍာရေးဈေးကွက်များကို လှုပ်ခတ်သွားစေခဲ့ကာ ကမ္ဘာ့နိုင်ငံအများအပြားကို စိတ်ပျက်စေခဲ့သည့် ဒေါ်နယ်ထရန့်က နိုင်ငံနှင့်အဝန်း ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသောနေ့တွင် ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာ ဒေသရှိ ၎င်း၏ ဂေါက်ကလပ်တွင် ဂေါက်သီးကစားနေခဲ့ပြီး နေ့လယ်ပိုင်းတွင် မာအာလာဂို နေအိမ်သို့ ပြန်သွားကာ အနားယူနေခဲ့ကြောင်း သိရသည်။
ယင်းနေရာမှ ခြောက်ကီလိုမီတာအကွာတွင်လည်း ထရန့်အားဆန့်ကျင်သော ဆန္ဒပြပွဲ ကျင်းပနေပြီး လူပေါင်း လေးရာခန့် ပါဝင်ဆင်နွဲခဲ့ကြသည်။
“ဈေးကွက်တွေ အကြီးအကျယ် ဆုံးရှုံးနေချိန်မှာ ထရန့် က ဂေါက်သီးကစားနေတယ်” ဟု ၎င်းတို့ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တစ်ခုတွင် ရေးသားထားသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ