Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး

အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး

International News Tech

အိန္ဒိယနိုင်ငံမှ အထက်တန်းကျောင်းသား ၃ ယောက်ဟာ လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ်ကို တီထွင်ဖန်တီးခဲ့ကြပြီး ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပါတယ်။

အင်ဒိုရီပြည်နယ်မှာ နေထိုင်တဲ့ ချောင်ဒါရီ၊ လာဒါနီယာ၊ ဂျိန်းတို့ ၃ ယောက်ရဲ့ မိဘတွေက ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်ကြသူတွေပါ။ လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးလက်ဒေသတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ပို့ဆောင်ရာမှာ အခက်အခဲတွေ ကြုံရတယ်ဆိုတာ သိရှိပြီးနောက် သူတို့က လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ် ဖန်တီးဖို့ အကြံရခဲ့တာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး
အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး

ဆားဓာတ်စွမ်းအင် အသုံးပြု ဖန်တီးထားတဲ့ ရေခဲသေတ္တာငယ်ဟာ ionocaloric cooling နည်းစနစ်( ဆားဓာတ်အသုံးပြုပြီး အသွင်ပြောင်း အပူစုပ်စနစ်) အသုံးပြုထားတာဖြစ်ပြီး Thermavault လို့ အမည်ပေးထားပါတယ်။ ဆားကို ရေထဲ ပျော်ဝင်စေပြီး အပူတွေကို စုပ်ယူလိုက်တဲ့ ပုံစံဖြစ်ပါတယ်။

အထက်တန်းကျောင်းသား ၃ ဦးဟာ သူတို့ရဲ့ ဖန်တီးမှုကြောင့် ၂၀၂၅ ခုနှစ် ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀ ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ဆုကြေးငွေတွေ အသုံးပြုပြီး ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် ၂၀၀ ထုတ်လုပ်ကာ ဆေးရုံပေါင်း ၁၂၀ မှာ စမ်းသပ်အသုံးပြုဖို့ စီစဉ်နေပါတယ်။

ရေးသားသူ- Yoyarlay

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...