နည်းလမ်းတစ်မျိုးတည်းသုံးပြီး ၃ နှစ်အတွင်း ဆိုင် ၁၀၀ ကျော်မှာ ငွေမရှင်းဘဲ လိမ်လည်စားသောက်ခဲ့တဲ့ သားအဖ

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြင်သစ်နိုင်ငံမှ ဆိုင်ပေါင်း ၁၀၀ ဝန်းကျင်မှာ ငွေမရှင်းဘဲ လိုက်လံစားသောက်ခဲ့တဲ့ သားအဖနှစ်ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် အမျိုးသားနဲ့ ၁၈ နှစ်အရွယ် သားဖြစ်သူတို့ဟာ နည်းလမ်းတစ်ခုတည်းကိုသုံးပြီး ၃ နှစ်ကြာအောင် လိမ်လည်ခဲ့ကြတာပါ။

သူတို့ဟာ ဆိုင်တွေမှာ အစားအသောက် စားပြီးတဲ့အခါ ငွေသား မပါသလို Credit ကတ်ကလည်း သုံးလို့မရ ဖြစ်နေတဲ့ အနေအထားမျိုး ဟန်ဆောင်ကြပြီး ID ကတ်နဲ့ လူမှုဖူလှုံရေးကတ်ပြား ပေးထားခဲ့မယ်၊ နောက်နေ့ကျ ပိုက်ဆံ လာရှင်းပေးမယ်ဆိုတဲ့ နည်းလမ်းတစ်ခုတည်းနဲ့ပဲ လိုက်လံ လိမ်လည်ခဲ့ကြတာပါ။
ဒါပေမဲ့ သူတို့က ID ကတ်နဲ့ လူမှုဖူလှုံရေးကတ်ကို ဘယ်တော့မှ ပြန်သွားယူခြင်း မရှိပါဘူး။ ကတ်တွေကို ပျောက်ဆုံးကြောင်းတင်ပြီး အသစ် ပြန်လျှောက်လေ့ ရှိပါတယ်။
အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ သူတို့သားအဖဟာ ဝိုင်နဲ့ အစားအစာတွေ မှာစားလေ့ရှိပြီး တစ်ခါစားရင် ယူရို ၈၀ ကနေ ယူရို ၁၅၀ ကြား ကျသင့်လေ့ရှိပါတယ်။ သူတို့ သားအဖဟာ အွန်လိုင်းပေါ်မှာ စားသုံးသူတွေကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံလေ့ရှိတယ်လို့ လူပြောများတဲ့ ဆိုင်တွေကိုပဲ လိုက်လံ လိမ်လည်လေ့ရှိပြီး ဆိုင်တစ်ဆိုင်ကို ဘယ်တော့မှ နှစ်ခါပြန် သွားခြင်းမရှိပါဘူး။
နောက်ဆုံးမှာတော့ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက သူတို့သားအဖရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး အဲဒီပို့စ်ကလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီနောက်မှာ စားသောက်ဆိုင် ၄၃ ဆိုင်မှ ပိုင်ရှင်တွေက သူတို့သားအဖကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ကြတာပါ။
လပိုင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ ပြင်သစ်ရဲတပ်ဖွဲ့က သူတို့သားအဖကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ တစ်ခါတလေကျရင် တစ်ပတ်ကို ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်အထိ ဆိုင်တွေမှာ သွားရောက်စားသောက်လေ့ရှိတယ်လို့ သားဖြစ်သူက ဝန်ခံခဲ့ပါတယ်။ လိမ်လည်မှုတွေ ကျူးလွန်ခဲ့တဲ့ကာလအတွင်းမှာ သားဖြစ်သူက အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးသာ ဖြစ်တာကြောင့် ဖခင်ဖြစ်သူကို လိမ်လည်စားသောက်မှု ၁၀၀ ဝန်းကျင်နဲ့ အမှုဖွင့်ထားပါတယ်။
ရေးသားသူ-Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ