Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ

ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ

International News
ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ
ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပနာဟာ ဘုန်းတော်ဝင်စားခဲ့ကြတဲ့ အရင်တုန်းက ရဟန်းမင်းကြီးတွေရဲ့ စာပနထက် အနည်းငယ်ကွဲပြားနိုင်ခြေရှိပါတယ်။

စီတန်းလှည့်လည်တာတွေကို ဗာတီကန်က ရာထူးအကြီးဆုံးရဟန်းအမတ် ကယ်ဗင် ဖရဲလ်က ကမကထ ပြုလုပ်မှာဖြစ်ပါတယ်။ ‘‘ဘုန်းတော်ဝင်စားကြောင်း အတည်ပြုတဲ့ပြုကျင့်ဖွယ်’’ကို ရဟန်းအမတ်က ဦးဆောင်ပြုလုပ်ပြီးတဲ့နောက်မှာ ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ခေါင်းတလားထဲ ထည့်မှာဖြစ်ပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ
ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ

ရဟန်းမင်းကြီးတစ်ပါးရဲ့ စျာပနာကို ပုံမှန်အားဖြင့် ခမ်းခမ်းနားနားကျင်းပပြုလုပ်လေ့ရှိပေမဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ သူ့စျာပနတစ်ခုလုံးကို ရိုးရိုးရှင်းရှင်းပြုလုပ်ဖို့ မကြာသေးခင်တုန်းကပဲ အတည်ပြုခဲ့တာပါ။

ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို အများပြည်သူ ရှုနိုင်အောင် စင်မြင့်ထက်မှာ ထားလေ့ရှိတဲ့ထုံးစံအစား သာမန် သစ်ခေါင်းတလားထဲ ထည့်သွင်းမှာဖြစ်ပါတယ်။

ဒါပေမဲ့ အများပြည်သူ ကြည့်ရှုခွင့်ရအောင် စင်မြင့်တစ်ခုထက်မှာ ခေါင်းတလားကို အဖုံးဟ ဖွင့်ထားမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ရုပ်အလောင်းကိုတော့ ရောမမြို့က စိန့်မေရီမေဂျာ ဘုရားကျောင်းကြီးမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းတစ်ရာကျော်အတွင်း ရဟန်းမင်းကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ဗာတီကန် နန်းတော်ပြင်ပမှာ ပထမဆုံးအကြိမ် မြှုပ်နှံမှုဖြစ်လာမှာပါ။

ရေးသားသူ- BBC Burmese


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...