ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေး ကြိုးပမ်းမှုဦးဆောင်သူနေရာမှ အမေရိကန်ဆုတ်ခွာဖွယ်ရှိ

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွင် အမေရိကန်နိုင်ငံကစိတ်ရှည်သည်းခံမှု လျော့နည်းသွားနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုယနေ့တွင် ပြောကြားသည်။
“ကျွန်တော်တို့ အခု ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆုံးဖြတ်ဖို့ လိုအပ်နေတဲ့ နေရာရောက်နေပါပြီ၊ဒီ ရက်ပိုင်းအတွင်း အဖြေရှာဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက ရေတိုမှာ လုပ်နိုင်မလား၊ အဲဒါမဟုတ်ရင်ကျွန်တော်တို့မှာလည်း အာရုံစိုက်ရမယ့် တခြားဦးစားပေးတွေရှိတယ်။” ဟု မာကိုရူဘီယိုက ကပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှ အ ပြန်ခရီးတွင် သတင်းထောက်များအား ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲအဖြစ်သို့ အရှိန်မြင့်သွားသည့် အခွန်စည်းကြပ်ခြင်းမှ နေ၍ကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုအားထရန့်အစိုးရက ကိုင်တွယ်ဖြေရှင်းနေစဉ် ယမန်နေ့တွင်ပြင်သစ်က ကျင်းပသော အဆင့်မြင့် ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်ဖြစ်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့သည်။
“အမေရိကန်က ယူကရိန်းကို ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကူညီပေးခဲ့ပြီးကျွန်တော်တို့က အဲဒါကို အဆုံးသတ်စေချင်တယ်၊ ဒါပေမယ့် ဒါက ကျွန်တော်တို့စစ်ပွဲမဟုတ်ပါဘူး။” ဟု ရူဘီယို က ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ အမေရိကန်၊ ယူကရိန်းနှင့် ဥရောပ ထိပ်တန်းအရာရှိများက စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန်ဖြစ်သည်။
ကြာသပတေးနေ့ ဆွေးနွေးပွဲများအတွင်း ဥရောပအရာရှိ အကြံဥာဏ်များက အလွန်အထောက်အကူဖြစ်စေပြီး အပြုသဘောဆောင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
“သူတို့ကို ဆက်ပြီး ထိတွေ့ဆက်ဆံစေချင်ပါတယ်၊ယူကေ၊ ပြင်သစ်နဲ့ ဂျာမနီတို့က ဒါကို ဘောလုံးလှိမ့်ပြီး ဆုံးဖြတ်ချက်တစ်ခုနဲ့ ပိုနီးစပ်အောင် ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။” ဟု ရူဘီယိုက ပြောကြားသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွက် ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဥရောပနိုင်ငံများက ရုပ်သိမ်းရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။“ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများစုဟာ သဘောတူညီချက်တစ်ခုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်မယ်ဆိုရင် အဲဒါကကျွန်တော်တို့ မရုပ်သိမ်းနိုင်တဲ့ ဥရောပ ပိတ်ဆို့အရေးယူမှုတွေပဲ။” ဟု ၎င်းက ပြောကြားသည်။
သို့သော်လည်း လွန်ခဲ့သည့်လများအတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားမည့်အစား အရှိန်မြှင့်ရန်သာ ဥရောပနိုင်ငံများကသဘောတူညီခဲ့ကြသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ